Quran with Burmese translation - Surah Al-Mu’minun ayat 50 - المؤمنُون - Page - Juz 18
﴿وَجَعَلۡنَا ٱبۡنَ مَرۡيَمَ وَأُمَّهُۥٓ ءَايَةٗ وَءَاوَيۡنَٰهُمَآ إِلَىٰ رَبۡوَةٖ ذَاتِ قَرَارٖ وَمَعِينٖ ﴾
[المؤمنُون: 50]
﴿وجعلنا ابن مريم وأمه آية وآويناهما إلى ربوة ذات قرار ومعين﴾ [المؤمنُون: 50]
Ba Sein ၅ဝ။ ထို့အပြင်ငါသည် မာရီယမ်၏သားနှင့် အမိမာရီယမ်တို့ကို သာဓကတော်ကြီးတစ်ပါးဖြစ်စေတော်မူ၏၊ ထို့အပြင် ငါသည် ထိုသားအမိနှစ်ယောက်တို့အား စုဝေးအမောဖြေသောရေစမ်းများရှိသည့်ကုန်းမြင့်ပေါ်တွင် မွေ့လျော် စံပျော်စေတော်မူ၏။ |
Ghazi Mohammad Hashim စင်စစ် ငါအရှင်မြတ်သည် မရ်ယမ်၏သားတော် (အီစာ)နှင့် ထိုသားတော်၏မယ်တော် (မရ်ယမ်)အား ကြီးကျယ်သော သက်သေလက္ခဏာတော်တစ်ပါး ပြုလုပ်တော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုသားအမိနှစ်ပါးစလုံးကို တည်းခိုရန် သင့်လျော်၍ စိုပြည်သော၊ စီးတွေသော ရေများလည်းရှိသောကမူ၌ ခိုလှုံစေတော်မူခဲ့၏။ |
Hashim Tin Myint ထို့ပြင် ငါအရှင်မြတ်သည် မရ်ယမ်၏သား(အီစာ)နှင့် ၎င်း၏မိခင်ကို သက်သေလက္ခဏာတော်တစ်ပါး ပြုလုပ်တော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် ထိုသားအမိနှစ်ဦးစလုံးကို တည်းခိုရန် သင့်တော်၍စိုပြည်ပြီး စီးတွေသည့်ရေရှိသော တောင်ကုန်းတွင် ခိုလှုံစေတော်မူခဲ့သည်။ |