Quran with Burmese translation - Surah Al-Mu’minun ayat 91 - المؤمنُون - Page - Juz 18
﴿مَا ٱتَّخَذَ ٱللَّهُ مِن وَلَدٖ وَمَا كَانَ مَعَهُۥ مِنۡ إِلَٰهٍۚ إِذٗا لَّذَهَبَ كُلُّ إِلَٰهِۭ بِمَا خَلَقَ وَلَعَلَا بَعۡضُهُمۡ عَلَىٰ بَعۡضٖۚ سُبۡحَٰنَ ٱللَّهِ عَمَّا يَصِفُونَ ﴾
[المؤمنُون: 91]
﴿ما اتخذ الله من ولد وما كان معه من إله إذا لذهب﴾ [المؤمنُون: 91]
Ba Sein ၉၁။ အလ္လာဟ်အရှင်မြတ်သည် သားသမီးရှိခြင်း၊ အညစ်အကြေးမှ ကင်းစင်တော်မူ၏၊ အရှင်မြတ်နှင့်တွဲဖက်၍ ဘုရားမရှိချေ၊ ရှိပါလျှင် ထိုဘုရားတိုင်းသည် မိမိဖန်ဆင်းတော်မူသောအရာများကို လွှမ်းမိုးဧကန်အားပေး စောင်မလတ့ံ၊ အချို့ဘုရားများက အချို့သောဘုရားများကို လွှမ်းမိုးနိုင်နင်းကြလတ့ံ၊ အလ္လာဟ်အရှင်မြတ်သည် မိစ္ဆာဒိဌိတို့စွပ်စွဲသောအညစ်အကြေးတို့မှ သန့်ရှင်းတော်မူထသောအရှင်ဖြစ်တော်မူ၏။ |
Ghazi Mohammad Hashim အလ္လာဟ်အရှင်မြတ်သည် သားတော်ဟူ၍ တစ်ဦးတစ်ယောက်မျှပင် ရွေးချယ်ပြုလုပ်ထားတော်မူသည် မဟုတ်ပေ။ ထိုနည်းတူစွာ ထိုအရှင်နှင့်အတူ ကိုးကွယ်ရာဟူ၍လည်း (အခြား) တစ်ဦးတစ်ယောက်မျှပင် အလျှင်းမရှိချေ။ သို့ရှိခဲ့ပါမူ ကိုးကွယ်ရာတိုင်းသည် မိမိဖန်ဆင်းထားသာ အရာခပ်သိမ်းတို့ကို အမှန်ပင် ခေါ်ဆောင်၍ ထွက်ခွာသွားခဲ့မည်သာမက၊ ထိုကိုးကွယ်ရာတို့အနက် တစ်ဦးသည် တစ်ဦး၏အပေါ်၌ မုချလွှမ်းမိုးခဲ့မည်သာ။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ ကြံဖန်စွပ်စွဲ ပြောဆိုကြကုန်သော အကြောင်းကိစ္စတို့မှ လုံးဝစင်ကြယ်သန့်ရှင်းတော်မူ၏။ |
Hashim Tin Myint အလ္လာဟ်အရှင်မြတ်သည် သားတော်ဟူ၍ မည်သူ့ကိုမှ ရွေးချယ်ပြုလုပ်တော်မမူပေ။ ထို့ပြင် အရှင်မြတ်နှင့်အတူ ကိုးကွယ်ထိုက်သူဟူ၍လည်း မည်သူမျှ မရှိပေ။* ထိုသို့ရှိခဲ့လျှင် ကိုကွယ်ရာတိုင်းသည် သူဖန်ဆင်းထားသည့်အရာများကို အမှန်ပင် ခေါ်ဆောင်ထွက်ခွာသွားခဲ့မည်သာမက ထိုကိုးကွယ်ထိုက်သူများထဲမှ တစ်ဦးသည် တစ်ဦးအပေါ်တွင် အမှန်ပင်(တိုက်ခိုက်)လွှမ်းမိုးခဲ့မည်ဖြစ်သည်။ (ထိုသို့ ကိုးကွယ်ထိုက်သူ အခြားတစ်ဦးမှမရှိခဲ့သည့်အတွက် အရှင်မြတ်တစ်ပါးတည်းပင် အမြဲတည်ရှိနေခြင်းဖြစ်သည်။) အလ္လာဟ်အရှင်မြတ်သည် သူတို့ လုပ်ကြံစွပ်စွဲပြောဆိုကြသည့်အရာများမှ လုံးဝ စင်ကြယ်တော်မူသည်။ |