Quran with Burmese translation - Surah Al-Mu’minun ayat 92 - المؤمنُون - Page - Juz 18
﴿عَٰلِمِ ٱلۡغَيۡبِ وَٱلشَّهَٰدَةِ فَتَعَٰلَىٰ عَمَّا يُشۡرِكُونَ ﴾
[المؤمنُون: 92]
﴿عالم الغيب والشهادة فتعالى عما يشركون﴾ [المؤمنُون: 92]
Ba Sein ၉၂။ အလ္လာဟ်အရှင်မြတ်သည် မြင်ရသောအရာ၊ မမြင်နိုင်စွမ်းသောအရာတို့ကို သိတော်မူ၏၊ သူတို့တွဲဖက်သော ဘက်စပ်ဘုရားများထက် သာလွန်မြင့်မြတ်တော်မူ၏။ |
Ghazi Mohammad Hashim မျက်ကွယ်၌ ရှိသမျှတို့ကိုလည်းကောင်း၊ မျက်မှောက်၌ ရှိသမျှတို့ကိုလည်းကောင်း၊ အကြွင်းမဲ့သိမြင်တော်မူသောအရှင်၊ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ၎င်းတို့ တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသည်တို့ထက် လွန်စွာ မြင့်မြတ်လှတော်မူပေသတည်း။ |
Hashim Tin Myint မျက်ကွယ်တွင် ရှိသည်များနှင့် မျက်မှောက်တွင်ရှိသည်များကို အလွန်သိတော်မူသော အရှင်ဖြစ်သည့်အတွက် အရှင်မြတ်သည် သူတို့ တွဲဖက်ကိုးကွယ်ကြသည်များထက် အလွန်မြင့်မားတော်မူလှသည်။ |