Quran with Burmese translation - Surah Al-Furqan ayat 12 - الفُرقَان - Page - Juz 18
﴿إِذَا رَأَتۡهُم مِّن مَّكَانِۭ بَعِيدٖ سَمِعُواْ لَهَا تَغَيُّظٗا وَزَفِيرٗا ﴾
[الفُرقَان: 12]
﴿إذا رأتهم من مكان بعيد سمعوا لها تغيظا وزفيرا﴾ [الفُرقَان: 12]
Ba Sein ၁၂။ ငရဲသည် သူတို့ကို အဝေးမှ မြင်သောအခါ သူတို့သည် ထိုမီးတောက်မီးလျှံ၏ ဖြောက်ဖြောက်မည်သံနှင့် ဟိန်းသံကြီးကို ကြားကြရလတ့ံ။ |
Ghazi Mohammad Hashim ယင်း မီးတောက်မီးလျှံသည် ထိုသူတို့အား အဝေးမှ မြင်လေသောအခါ၊ ထိုသူတို့သည် ယင်းမီးတောက်မီးလျှံ၏ ဆူညံခြင်းနှင့် အမျက်ဒေါသ ထွက်ခြင်းကိုလည်းကောင်း၊ မြည်ဟိန်းခြင်းကိုလည်းကောင်း၊ ကြားကြရပေမည်။ |
Hashim Tin Myint ထိုမီးတောက်မီးလျှံသည် သူတို့ကို အဝေးကမြင်သည့်အခါ ထိုကာဖိရ်များသည် ထိုမီးတောက်မီးလျှံ၏ဆူညံမှုနှင့် အမျက်ဒေါသထွက်သံ၊ မြည်ဟိန်းသံ(တောက်လောင်သံ)ကို ကြားကြရမည်ဖြစ်သည်။ |