×

စင်စစ် ငါအရှင်မြတ်သည် မူလကပင် သူ့အတွက် နို့ထိန်းသည်တို့၏နို့ရည်ကို တားမြစ်ထားတော်မူသော ကြောင့် သူသည် သူတို့ခေါ်လာသမျှ နို့ထန်းသည်များမှ နို့စို့ရန် ငြင်းခဲ့လေရာ 28:12 Burmese translation

Quran infoBurmeseSurah Al-Qasas ⮕ (28:12) ayat 12 in Burmese

28:12 Surah Al-Qasas ayat 12 in Burmese (البورمية)

Quran with Burmese translation - Surah Al-Qasas ayat 12 - القَصَص - Page - Juz 20

﴿۞ وَحَرَّمۡنَا عَلَيۡهِ ٱلۡمَرَاضِعَ مِن قَبۡلُ فَقَالَتۡ هَلۡ أَدُلُّكُمۡ عَلَىٰٓ أَهۡلِ بَيۡتٖ يَكۡفُلُونَهُۥ لَكُمۡ وَهُمۡ لَهُۥ نَٰصِحُونَ ﴾
[القَصَص: 12]

စင်စစ် ငါအရှင်မြတ်သည် မူလကပင် သူ့အတွက် နို့ထိန်းသည်တို့၏နို့ရည်ကို တားမြစ်ထားတော်မူသော ကြောင့် သူသည် သူတို့ခေါ်လာသမျှ နို့ထန်းသည်များမှ နို့စို့ရန် ငြင်းခဲ့လေရာ သူ့အစ်မက “ကျွန်မသည် သူ့ကို ပြုစုစောင့်ရှောက်မည့်အပြင် သူတို့က (သူ့ကောင်းကျိုးကို စိတ်ရင်းစေတနာဖြူစင်စွာ လိုလားလျက်) သူ့အား ဂရုစိုက်ကြမည့် မိသားစုကို သင်တို့အား ညွှန်ပြရပါမည်လော။” ဟု မေးမြန်းခဲ့လေ၏။

❮ Previous Next ❯

ترجمة: وحرمنا عليه المراضع من قبل فقالت هل أدلكم على أهل بيت يكفلونه, باللغة البورمية

﴿وحرمنا عليه المراضع من قبل فقالت هل أدلكم على أهل بيت يكفلونه﴾ [القَصَص: 12]

Ba Sein
၁၂။ ထိုအခါငါသည် အထက်က မူစာ၌ နို့တိုက်အမိမရှိအောင် စီရင်ထားတော်မူ၏၊ ထို့ကြောင့်သူ၏အစ်မရောက်သော အခါ သူမက သင်တို့အား သူ့ကို နို့တိုက်မွေးမြူမည့်သူကို ညွှန်ပြရမည်လောဟု မေး၏။
Ghazi Mohammad Hashim
စင်စစ် ငါအရှင်မြတ်သည် မူလကပင် ထိုမူစာ၏အပေါ်၌ နို့ထိန်းသည်တို့၏နို့ရည်ကို (မစို့ရန်) တားမြစ်ထားတော်မူခဲ့၏။ သို့ဖြစ်ပေရာ ထို(မူစာ၏) အစ်မက ကျွန်ုပ်သည် အသင်တို့အား ထိုကလေးသူငယ်ကို အသင်တို့အဖို့ မွေးမြူစောင့်ရှောက်၍ ပေးကြမည့်ပြင်၊ ထိုကလေးသူငယ်၏ ကောင်းကျိုးကို လိုလားသူများဖြစ်ကြသော အိမ်ထောင်သားချင်းတို့ကို ညွှန်ပြရပါမည်လောဟု ဆိုခဲ့လေ၏။
Hashim Tin Myint
ထို့ပြင် ငါအရှင်မြတ်သည် ယခင်ကတည်းက ကြိုတင်ပြီး နို့ထိန်းသည်များ၏နို့ရည်ကို (မစို့ရန်)၎င်း၏အ‌ပေါ်တွင် တားမြစ်ထား‌တော်မူခဲ့သည်။ သို့ဖြစ်ရာ ၎င်း၏အစ်မက ကျွန်မသည် အသင်တို့အား အသင်တို့အတွက် ထိုက‌လေးငယ်ကို ၎င်း၏‌ကောင်းကျိုးလိုလားသူများဖြစ်ကြလျက် ‌မွေးမြူ‌စောင့်‌ရှောက်‌ပေးကြမည့် အိမ်‌ထောင်စုများကို ညွှန်ပြရမည်‌လောဟု ‌ပြောဆိုခဲ့သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek