×

(တမန်တော်) မူဆာသည် မြို့ထဲ၌ အထိတ်တလန့်ဖြစ်၍ သတိဝီရိယဖြင့် ဂရုတစိုက်စောင့်ကြည့် လျက် ပင် နံနက်မိုးလင်းလာခဲ့ရာ ယမန်နေ့က သူ့ထံ အကူအညီတောင်းခဲ့သောသူသည် 28:18 Burmese translation

Quran infoBurmeseSurah Al-Qasas ⮕ (28:18) ayat 18 in Burmese

28:18 Surah Al-Qasas ayat 18 in Burmese (البورمية)

Quran with Burmese translation - Surah Al-Qasas ayat 18 - القَصَص - Page - Juz 20

﴿فَأَصۡبَحَ فِي ٱلۡمَدِينَةِ خَآئِفٗا يَتَرَقَّبُ فَإِذَا ٱلَّذِي ٱسۡتَنصَرَهُۥ بِٱلۡأَمۡسِ يَسۡتَصۡرِخُهُۥۚ قَالَ لَهُۥ مُوسَىٰٓ إِنَّكَ لَغَوِيّٞ مُّبِينٞ ﴾
[القَصَص: 18]

(တမန်တော်) မူဆာသည် မြို့ထဲ၌ အထိတ်တလန့်ဖြစ်၍ သတိဝီရိယဖြင့် ဂရုတစိုက်စောင့်ကြည့် လျက် ပင် နံနက်မိုးလင်းလာခဲ့ရာ ယမန်နေ့က သူ့ထံ အကူအညီတောင်းခဲ့သောသူသည် (ယနေ့လည်း ရုတ်တ ရက် ထပ်မံရောက်လာ၍) အပူတပြင်းအော်ဟစ်လျက် အကူအညီ တောင်းခံခဲ့ပြန်၏။ (တမန်တော်) မူဆာက သူအား “ဧကန်ပင်၊ အသင်သည် သိသာထင်ရှားစွာ သောင်းကျန်းလျက် ကမူးရှူးထိုး လုပ်တတ်သူ တစ်ဦးပင် ဖြစ် သည်။”ဟု ပြောကြားခဲ့လေ၏။

❮ Previous Next ❯

ترجمة: فأصبح في المدينة خائفا يترقب فإذا الذي استنصره بالأمس يستصرخه قال له, باللغة البورمية

﴿فأصبح في المدينة خائفا يترقب فإذا الذي استنصره بالأمس يستصرخه قال له﴾ [القَصَص: 18]

Ba Sein
၁၈။ တဖန်နံနက်မိုးသောက်ရောက်လတ်သော် မူစာသည် စိုးရိမ်ကြောင့်ကျခြင်းနှင့်ပင် မြို့ထဲတွင် သတိဝိရိယနှင့် နေ၏၊ ယမန်နေ့က အကူအညီတောင်းသူသည် ယခုပင်အထောက်အပံ့တောင်းနေ၏၊ မူစာက သူ့အား မှတ်သား လော့၊ သင်သည် စိတ်ဆတ်သောသူမုချဧကန်ဖြစ်၏ဟု ဆို၏။
Ghazi Mohammad Hashim
တစ်ဖန် (ထို)မူစာသည် မြို့ထဲတွင် ကြောက်ရွံ့စိုးရိမ်စွာ စောင့်မျှော်လျက် နံနက်မိုးလင်းခဲ့ရာ ရုတ်တရက် ယမန်နေ့က မိမိထံ အကူအညီတောင်းခဲ့သောသူသည် (ယနေ့တစ်ဖန် ထပ်မံ၍) မိမိအား ဟစ်ခေါ်နေပြန်၏။ ထိုမူစာက ၎င်းအား ဧကန်အမှန် အသင်သည် ထင်ရှားစွာသော လမ်းလွဲသူတစ်ဦးပင်ဖြစ်သည်ဟု ပြောကြားခဲ့လေ၏။
Hashim Tin Myint
ထို့‌နောက် ၎င်းသည် မြို့ထဲသို့ နံနက်အချိန်တွင် ‌ကြောက်ရွံ့စွာ သတင်း‌ထောက်လှမ်း‌နေစဉ် ရုတ်တရက် မ‌နေ့က ၎င်းထံသို့ အကူအညီ‌တောင်းခဲ့သည့်သူသည် ၎င်းကို ဟစ်‌ခေါ်‌နေပြန်သည်။ ၎င်း(မူစာ)က သူ့ကို အမှန်စင်စစ် အသင်သည် ထင်ရှား‌သော ဆိုးသွမ်းသူတစ်ဦးပင်ဖြစ်သည်ဟု ‌ပြောကြားခဲ့သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek