Quran with Burmese translation - Surah Al-Qasas ayat 25 - القَصَص - Page - Juz 20
﴿فَجَآءَتۡهُ إِحۡدَىٰهُمَا تَمۡشِي عَلَى ٱسۡتِحۡيَآءٖ قَالَتۡ إِنَّ أَبِي يَدۡعُوكَ لِيَجۡزِيَكَ أَجۡرَ مَا سَقَيۡتَ لَنَاۚ فَلَمَّا جَآءَهُۥ وَقَصَّ عَلَيۡهِ ٱلۡقَصَصَ قَالَ لَا تَخَفۡۖ نَجَوۡتَ مِنَ ٱلۡقَوۡمِ ٱلظَّٰلِمِينَ ﴾
[القَصَص: 25]
﴿فجاءته إحداهما تمشي على استحياء قالت إن أبي يدعوك ليجزيك أجر ما﴾ [القَصَص: 25]
Ba Sein ၂၅။ ထိုအခါမိန်းမနှစ်ယောက်မှ တစ်ယောက်သည် သူ့ထံသို့ မရဲတရဲလာ၍ ပြောသည်မှာ သင်သည် အကျွနု်ပ်တို့ အစား အကျွနု်ပ်တို့၏ သိုးများကို ရေတိုက်သည့်အတွက် အကျွနု်ပ်တို့၏ဘခင်သည် သင့်အား ကျေးဇူးဆပ်ရန် ဘိတ်ခေါ်ပါ၏ဟု ဆို၏၊ ထို့နောက်သူသည် မိန်းမနှစ်ယောက်၏အဘနှင့်တွေ့သောအခါ မိမိအတ္ထုပ္ပတ္တိအကြောင်း အရာကို အကုန်အစင်ပြောပြ၏၊ အဘိုးကြီးက သင်သည် မကြောက်ရွံ့လင့်၊ သင်သည် မတရားပြုကျင့်သူတို့ထံမှ လွတ်မြောက်လာပြီဟု ပြောဆို၏။ |
Ghazi Mohammad Hashim ထို့နောက် ၎င်း(မိန်းမ)နှစ်ယောက်အနက် တစ်ယောက်သည် ထိုမူစာ၏ထံသို့ ရှက်ကြောက်စွာ လျှောက်လာပြီး"အသင်သည် ကျွန်ုပ်တို့အားငဲ့ညှာ၍ (ကျွန်ုပ်တို့၏တိရစ္ဆာန်များကို)ရေတိုက်ခဲ့သော အကျိုးကျေးဇူးကို အသင်အား ပြန်ဆပ်အံ့သောငှာ ကျွန်ုပ်၏ဖခင်သည် အသင့်အား ခေါ်နေပါသည်"ဟု ပြောဆိုလေ၏။ ထို့နောက် ထိုမူစာသည် ၎င်း၏ထံသို့ ရောက်လာခဲ့ပြီး ဖြစ်ကြောင်းကုန်စင်ကို ၎င်း၏ရှေ့ဝယ် ပြောပြခဲ့သောအခါ ၎င်းက ‘အသင်သည် မစိုးရိမ်လေနှင့်။ အသင်သည်မတရားသောသူတို့(၏ဘေးရန်)မှ လွတ်မြောက်ခဲ့လေပြီ’ ဟုပြောဆိုလေ၏။ |
Hashim Tin Myint ထို့နောက် သူမတို့နှစ်ယောက်ထဲမှ တစ်ယောက်က ၎င်း၏ထံသို့ ရှက်ရှက်နှင့်လျှောက်လာပြီး “အသင်သည် ကျွန်မတို့အား သက်ညှာပြီး ရေတိုက်ပေးခဲ့သည့်အကျိုးကျေးဇူးကို အသင့်အား ပြန်ဆပ်ရန် ကျွန်မတို့ဖခင်က အသင့်အား အမှန်ပင် ခေါ်နေပါသည်“ဟု ပြောဆိုသည်။ ထို့နောက် ၎င်း(မူစာ)သည် သူ(သူမတို့၏ဖခင်)၏ထံသို့ ရောက်လာပြီး အဖြစ်အပျက်အကြောင်းအရာများကို ၎င်း၏ရှေ့၌ ပြောပြသည့်အခါ သူမတို့၏ဖခင်က “အသင်မစိုးရိမ်ပါနှင့်၊ အသင်သည် မတရားသူများမှ လွတ်မြောက်လာခဲ့ပြီဖြစ်သည်“ဟု ပြောဆိုသည်။ |