×

ဧကန်ပင်၊ အသင် (တမန်တော်) သည် အသင်လိုလားနှစ်သက်သောသူအား တရားလမ်းမှန် ညွှန်ပြနိုင် သည် မဟုတ်ပေ။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သာလျှင် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အ 28:56 Burmese translation

Quran infoBurmeseSurah Al-Qasas ⮕ (28:56) ayat 56 in Burmese

28:56 Surah Al-Qasas ayat 56 in Burmese (البورمية)

Quran with Burmese translation - Surah Al-Qasas ayat 56 - القَصَص - Page - Juz 20

﴿إِنَّكَ لَا تَهۡدِي مَنۡ أَحۡبَبۡتَ وَلَٰكِنَّ ٱللَّهَ يَهۡدِي مَن يَشَآءُۚ وَهُوَ أَعۡلَمُ بِٱلۡمُهۡتَدِينَ ﴾
[القَصَص: 56]

ဧကန်ပင်၊ အသင် (တမန်တော်) သည် အသင်လိုလားနှစ်သက်သောသူအား တရားလမ်းမှန် ညွှန်ပြနိုင် သည် မဟုတ်ပေ။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သာလျှင် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အ ညီ အလိုရှိတော်မူသောသူအား တရားလမ်းမှန်ကို ညွှန်ပြတော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည်သာလျှင် (တရား လမ်းမှန်ကို လိုလိုလားလား လက်ခံလိုစိတ်ရှိသောကြောင့်) တရားလမ်းမှန် ညွှန်ပြခြင်းခံကြမည့်သူဖြစ်ကြောင်းကို ကောင်းစွာ သိနေတော်မူသော အရှင်မြတ် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: إنك لا تهدي من أحببت ولكن الله يهدي من يشاء وهو أعلم, باللغة البورمية

﴿إنك لا تهدي من أحببت ولكن الله يهدي من يشاء وهو أعلم﴾ [القَصَص: 56]

Ba Sein
၅၆။ မှတ်သားလော့၊ အို--မိုဟမ္မဒ်၊ သင်သည် သင်ချစ်ခင်စုံမက်သူအား လမ်းပြသသည်မဟုတ်၊ အလ္လာဟ်အရှင် မြတ်သာလျှင် အရှင်လမ်းပြလိုတော်မူသောသူအား လမ်းညွှန်ထား၏၊ ထို့အပြင်အရှင်မြတ်သည် လမ်းမှန်လိုက်သူ တို့ကို အသိဆုံးဖြစ်တော်မူ၏။
Ghazi Mohammad Hashim
ဧကန်အမှန် အသင်သည် မိမိနှစ်လိုသူအား တရားလမ်းမှန်သို့ ပို့ဆောင်ပေးနိုင်သည် မဟုတ်ပေ။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သာလျှင် မိမိ အလိုရှိတော်မူသောသူအား တရားလမ်းမှန်သို့ ပို့ဆောင်ပေးတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်သာလျှင် တရားလမ်းမှန် ရရှိကြမည့်သူတို့အား ကောင်းစွာသိရှိတော်မူသော အရှင်မြတ် ဖြစ်တော်မူ၏။
Hashim Tin Myint
အမှန်ပင် အသင်သည် အသင်နှစ်သက်သည့်သူကို တရားလမ်းမှန်သို့ ပို့‌ဆောင်မ‌ပေးနိုင်‌ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိသည့်သူကို တရားလမ်းမှန်သို့ ပို့‌ဆောင်‌ပေး‌တော်မူသည်။* ထို့ပြင် အရှင်မြတ်သည် တရားလမ်းမှန်ရရှိမည့်သူများကို အသိဆုံးအရှင်ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek