Quran with Burmese translation - Surah al-‘Imran ayat 176 - آل عِمران - Page - Juz 4
﴿وَلَا يَحۡزُنكَ ٱلَّذِينَ يُسَٰرِعُونَ فِي ٱلۡكُفۡرِۚ إِنَّهُمۡ لَن يَضُرُّواْ ٱللَّهَ شَيۡـٔٗاۚ يُرِيدُ ٱللَّهُ أَلَّا يَجۡعَلَ لَهُمۡ حَظّٗا فِي ٱلۡأٓخِرَةِۖ وَلَهُمۡ عَذَابٌ عَظِيمٌ ﴾
[آل عِمران: 176]
﴿ولا يحزنك الذين يسارعون في الكفر إنهم لن يضروا الله شيئا يريد﴾ [آل عِمران: 176]
Ba Sein ၁၇၆။ အို-တမန်တော် မိစ္ဆာအယူဝါဒကို လွယ်ကူစွာလက်ခံသောသူတို့၏ အပြုအမူကြောင့် သင်သည် မပူဆွေးလင့်။ သူတို့သည် အလ္လာဟ်အသျှင်မြတ်သည် သူတို့အား နောင်ဘဝ၌ ဝေစုပေးလိုတော် မမူပေ။ သူတို့၏အပြစ်ဒဏ်သည် အလွန်ပြင်းပြနာကျင်ဖွယ်ဖြစ်၏။ |
Ghazi Mohammad Hashim ထို့ပြင်တဝ (အို-နဗီတမန်တော်) သွေဖည်ငြင်းပယ်မှု၌ လျှင်မြန်စွာ ကျဆင်းသောသူတို့သည် အသင့်အားစိတ်ဒုက္ခ(ရောက်စေသောအကြောင်း) မဖြစ်စေရ။ အမှန်စင်စစ် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အား အနည်းငယ်မျှပင် အကျိုးယုတ် နစ်နာစေခြင်းကို အလျင်းပြုစွမ်းနိုင်ကြမည်မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အဖို့ နောင်တမလွန်ဘဝတွင် (မိမိ၏စည်းစိမ်ချမ်းသာ အကျိုးကျေးဇူးတော်များအနက်မှ) မည်သည့် ဝေစုဝေပုံကိုမျှ ပေးသနားတော်မူရန်ရည်စူးတော် မမူချေ။ ၎င်းပြင် ထိုသူတို့အဘို့ (နောင်တမလွန်ဘဝတွင်) အလွန်ကြီးလေးသော အပြစ်ဒဏ်သည် လည်း(အသင့်)ရှိပေသည်။ |
Hashim Tin Myint ထို့ပြင် ကုဖ်ရ်(ငြင်းပယ်မှု)ထဲသို့ အမြန်ပြေးကြသူများက အသင်(တမန်တော်)အား စိတ်ဒုက္ခ မပေးစေရပေ။ အမှန်စင်စစ် သူတို့သည် အလ္လာဟ်အရှင်မြတ်အား တစ်စုံတစ်ရာ နစ်နာအောင် မည်သည့်အခါမှ လုပ်နိုင်မည်မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည် သူတို့အတွက် တမလွန်ဘဝတွင် မည်သည့်ဝေစု တစ်ခုမျှပေးရန် ရည်ရွယ်တော်မမူပေ။ ထို့ပြင် သူတို့အတွက် အလွန်ကြီးလေးသော အပြစ်ဒဏ်လည်းရှိသည်။ |