Quran with Burmese translation - Surah al-‘Imran ayat 197 - آل عِمران - Page - Juz 4
﴿مَتَٰعٞ قَلِيلٞ ثُمَّ مَأۡوَىٰهُمۡ جَهَنَّمُۖ وَبِئۡسَ ٱلۡمِهَادُ ﴾
[آل عِمران: 197]
﴿متاع قليل ثم مأواهم جهنم وبئس المهاد﴾ [آل عِمران: 197]
Ba Sein ၁၉၇။ ထိုအောင်မြင်မှုသည် ခေတ္တခဏအတွက်သာဖြစ်၏။ ထို့နောက် သူတို့၏နေထိုင်ရာဌာနသည် ငရဲ ဖြစ်လိမ့်မည်။ အလွန်ဆင်းရဲလှသောဗိမာန်ဖြစ်၏။ |
Ghazi Mohammad Hashim (အမှန်စင်စစ်သော်ကား ယင်းသွားလာမှုနှင့်စည်းစိမ်ချမ်းသာများသည်) တဒင်္ဂ တခဏမျှသော အကျိုးခံစား မှုမျှသာဖြစ်သည်။ နောက်ဆုံးတွင်မူကားထိုသူတို့၏ပြန်လည် ရာဌာနသည် ဂျဟန္နမ် ငရဲဘုံသည်သာလျှင်ဖြစ်လတ္တံ့။ စင်စစ် ယင်း ဂျဟန္နမ် ငရဲဘုံသည် အလွန်တရာဆိုးဝါးလှသော နေရာပင်ဖြစ်ပေသတည်း။ |
Hashim Tin Myint (ထိုအရာများသည်) ခေတ္တအနည်းငယ် အကျိုးခံစားမှုသာဖြစ်သည်။ ထို့နောက် သူတို့၏(ပြန်လှည့်ရာ)စခန်းသည် ဂျဟန္နမ်ငရဲဘုံပင်ဖြစ်မည်။ ၎င်းပြင် ထိုငရဲဘုံသည် အဘယ်မျှ ဆိုးဝါးသောနေရာဖြစ်လိုက်သနည်း။ |