Quran with Burmese translation - Surah al-‘Imran ayat 35 - آل عِمران - Page - Juz 3
﴿إِذۡ قَالَتِ ٱمۡرَأَتُ عِمۡرَٰنَ رَبِّ إِنِّي نَذَرۡتُ لَكَ مَا فِي بَطۡنِي مُحَرَّرٗا فَتَقَبَّلۡ مِنِّيٓۖ إِنَّكَ أَنتَ ٱلسَّمِيعُ ٱلۡعَلِيمُ ﴾
[آل عِمران: 35]
﴿إذ قالت امرأة عمران رب إني نذرت لك ما في بطني محررا﴾ [آل عِمران: 35]
Ba Sein ၃၅။ အင်မရာန်၏ဇနီးမိန်းမက အို အကျွနု်ပ်၏အသျှင်သခင် အကျွနု်ပ်၏ဝမ်းတွင်း ကိန်းအောင်းလျှက် ရှိသောသူငယ်အား အသျှင်မြတ်၏အမှုတော်ကို ကောင်းစွာထမ်းဆောင်သူအဖြစ်ဖြင့် အသျှင့်ထံ သစ္စာဆို၍ အပ်ပါ၏။ ထိုအပ်နှံခြင်းကို အကျွနု်ပ်ထံမှ လက်ခံတော်မူပါ အသျှင်မြတ်။ အသျှင်မြတ်သာလျှင် ကြားတော်မူသောအသျှင်၊ သိတော်မူသောအသျှင် အမှန်ပင်ဖြစ်တော်မူပါ၏ဟု ဆုတောင်းသည်ကို မှတ်သားကြလော့။ |
Ghazi Mohammad Hashim (ပြန်လည်အောက်မေ့သတိရကြကုန်) အခါတပါး၌ (မရ်ယမ်သခင်မ၏ဘခင်) အင်(မ်)ရာန်၏ ဇနီးမိန်းမက (အလ္လာဟ်အရှင်မြတ်အထံတော်၌ ဤသို့) လျှောက်ထားပန်ကြားခဲ့၏။ အို-ကျွန်တော်မျိုးမအား မွေးမြူတော်မူသောအရှင်မြတ်။ စင်စစ်ဧကန် ကျွန်တော်မျိုးမသည် အရှင်မြတ်အဖို့ မိမိဝမ်းတွင်း၌ရှိသောကလေးကို အရှင်မြတ်အားသာ(ဝတ်ပြုနိုင်စေခြင်းငှာ) လွတ်လပ်စွာထားရှိရန် အတွက်ဓိဋ္ဌာန်ပြုပါ၏။ သို့ဖြစ်ပါ၍ အရှင်မြတ်သည် ယင်း(ဓိဋ္ဌာန်ချက်ကို) ကျွန်တော်မျိုးမ၏ အထံမှ သဘောတူလက်ခံတော်မူပါ။မုချဧကန် အရှင်မြတ်သည် အကြွင်းမဲ့ ကြားသိတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို သိရှိတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပါသည်။ |
Hashim Tin Myint တစ်ခါက အင်မ်ရာန်*၏ဇနီးက ပြောဆိုလျှောက်ထားခဲ့သည်၊ “အို- ကျွန်မအား မွေးမြူဖန်ဆင်းတော်မူသောအရှင်၊ အမှန်စင်စစ် ကျွန်မသည် အရှင်မြတ်အတွက် ကျွန်မဗိုက်ထဲ၌ရှိသောကလေးကို အရှင်မြတ်အား (ဝတ်ပြုစေနိုင်ရန်) လွတ်လပ်စွာထားရန်အတွက် (နဇရ်ကိုး) အဓိဋ္ဌာန်ပြုပါသည်။ သို့ဖြစ်ရာ အရှင်မြတ်သည် ကျွန်မထံမှ(ကျွန်မ၏အဓိဋ္ဌာန်ကို) လက်ခံတော်မူပါ။ အမှန်စင်စစ် အရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူပါသည်။“ |