×

(မယုံကြည်သူနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်) သူတို့က (တမန်တော်အီစာအား လုပ်ကြံရန် လျှို့ဝှက်ကြံစည်မှုများကို) အကွက်ချ စီစဉ်ခဲ့ကြသော်လည်း အလ္လာဟ်အရှင်မြတ်က (သူတို့၏လုပ်ကြံမှုများကို အချည်းနှီး ဖြစ်စေတော်မူလျက် 3:54 Burmese translation

Quran infoBurmeseSurah al-‘Imran ⮕ (3:54) ayat 54 in Burmese

3:54 Surah al-‘Imran ayat 54 in Burmese (البورمية)

Quran with Burmese translation - Surah al-‘Imran ayat 54 - آل عِمران - Page - Juz 3

﴿وَمَكَرُواْ وَمَكَرَ ٱللَّهُۖ وَٱللَّهُ خَيۡرُ ٱلۡمَٰكِرِينَ ﴾
[آل عِمران: 54]

(မယုံကြည်သူနှင့်အမှန်တရားကို ဖီဆန်ငြင်းပယ်) သူတို့က (တမန်တော်အီစာအား လုပ်ကြံရန် လျှို့ဝှက်ကြံစည်မှုများကို) အကွက်ချ စီစဉ်ခဲ့ကြသော်လည်း အလ္လာဟ်အရှင်မြတ်က (သူတို့၏လုပ်ကြံမှုများကို အချည်းနှီး ဖြစ်စေတော်မူလျက် တမန်တော်ကို ကယ်တင်ရန် အရှင့်စီမံချက်အား) ကြိုတင်စီစဉ်တော်မူခဲ့၏။ (ကြိုတင်စီစဉ် သူအားလုံးကို အရှင်မြတ်ပင် ဖြစ်တည်စေတော်မူသည့်အလျှောက်) အလ္လာဟ်အရှင်မြတ်သည် (ယုံကြည်သူတို့အတွက်) ကြိုတင်စီစဉ်သူအားလုံးထက်ပင် သာပို၍ အကောင်းဆုံးဖြစ်အောင် လွှမ်းမိုးစေတော်မူသောအရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: ومكروا ومكر الله والله خير الماكرين, باللغة البورمية

﴿ومكروا ومكر الله والله خير الماكرين﴾ [آل عِمران: 54]

Ba Sein
၅၄။ မိစ္ဆာဒိဌိတို့သည် ကြံစည်ကြ၏။ အလ္လာဟ်အသျှင်မြတ်လည်း ကြံစည်တော်မူ၏။ အလ္လာဟ်အသျှင်မြတ်သည် ကြံစည်သူအပေါင်းတို့တွင် အထွဋ်အခေါင်ဖြစ်တော်မူ၏။
Ghazi Mohammad Hashim
ယင်း (အစ္စရာအီလီ မျိုးနွယ်တို့အနက် တမန်တော်အီစာအား မယုံကြည်သော) သူတို့သည် လည်း [နဗီတမန်တော်အီစာ(အလိုင်ဟစ္စလာမ်)ကို သတ်ဖြတ်ကြရန်အလို့ငှာ ပရိယာယ်မာယာ ဝေဝုစ်အားဖြင့်] လိမ္မာပါးနပ်စွာကြံစည်ခဲ့ကြ၏။ အလ္လာဟ်အရှင်မြတ်သည်လည်း [နဗီတမန်တော် အီစာ(အလိုင်ဟစ္စလာမ်)အား ယင်းသူတို့၏ ဘေးရန်ခပ်သိမ်းတို့မှ ကင်းလွတ်စေတော်မူခြင်းငှာ] ပရိယာယ်ဝေဝုစ်ဖြင့်ပင် ကြံဆောင်တော်မူခဲ့လေသည်။ အမှန် သော်ကားအလ္လာဟ်အရှင်မြတ်သည် ပရိယာယ် ဝေဝုစ်ဖြင့် ကြံဆောင်သူများထက် အကောင်းဆုံး ကြံဆောင်တော်မူနိုင်သောအသျှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
Hashim Tin Myint
ထို့ပြင် သူတို့(ထဲမှ မယုံကြည်သူများ)သည် (တမန်‌တော်အီစာအား သတ်ရန်) ကြံစည်ခဲ့ကြသည်။* အလ္လာဟ်အရှင်မြတ်သည်လည်း (တမန်‌တော်အီစာအား ကယ်တင်ရန်) စီစဉ်‌တော်မူခဲ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အ‌ကောင်းဆုံး စီစဉ်နိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek