×

အကယ်၍ အသင်သည် ရာဇဝတ်မှုကျူးလွန်သူတို့အား သူတို့၏ဦးခေါင်းများကို အောက်သို့ စိုက်လျက် အနေအထားဖြင့် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် သော အရှင်မြတ်၏ရှေ့တော်မှောက်တွင် 32:12 Burmese translation

Quran infoBurmeseSurah As-Sajdah ⮕ (32:12) ayat 12 in Burmese

32:12 Surah As-Sajdah ayat 12 in Burmese (البورمية)

Quran with Burmese translation - Surah As-Sajdah ayat 12 - السَّجدة - Page - Juz 21

﴿وَلَوۡ تَرَىٰٓ إِذِ ٱلۡمُجۡرِمُونَ نَاكِسُواْ رُءُوسِهِمۡ عِندَ رَبِّهِمۡ رَبَّنَآ أَبۡصَرۡنَا وَسَمِعۡنَا فَٱرۡجِعۡنَا نَعۡمَلۡ صَٰلِحًا إِنَّا مُوقِنُونَ ﴾
[السَّجدة: 12]

အကယ်၍ အသင်သည် ရာဇဝတ်မှုကျူးလွန်သူတို့အား သူတို့၏ဦးခေါင်းများကို အောက်သို့ စိုက်လျက် အနေအထားဖြင့် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် သော အရှင်မြတ်၏ရှေ့တော်မှောက်တွင် တွေ့မြင်ရသည့်အခါ (သူတို့က) ''အို၊ အရှင်မြတ် (ယခုအခါ) ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏အကြားအာရုံဆိုင်ရာစွမ်းရည်နှင့်အမြင်အာရုံဆိုင်ရာ စွမ်းရည်များအား (မည်သို့အသုံးချရမည်ကို) သိနားလည်ကြပါပြီ။ ကြားလည်း ကြားကြခဲ့ပါပြီ။ သို့ဖြစ်ပါ၍ ကျွန်ုပ်တို့အား (ကမ္ဘာလောကသို့ ဦးလှည့်) ပြန်သွားစေတော်မူပါ။ (ဤတစ်ကြိမ်တွင်) ကျွန်ုပ်တို့သည် ဖြောင့်မတ်မှန်ကန်စွာ ပြု မူကျင့်ကြံလျက် သီလဆောက်တည်ကြပါမည်။ (ယခုသော်ကား) ကျွန်ုပ်တို့သည် ဧကန်ပင်၊ (အမှန်တရားနှင့်ပတ်သက်၍) တပ်အပ်သေချာစွာ ယုံကြည်သူများပင် ဖြစ်ကြပါပြီ။'' (ဟု အသနားခံလျှောက်ထား ကြပေမည်။)

❮ Previous Next ❯

ترجمة: ولو ترى إذ المجرمون ناكسوا رءوسهم عند ربهم ربنا أبصرنا وسمعنا فارجعنا, باللغة البورمية

﴿ولو ترى إذ المجرمون ناكسوا رءوسهم عند ربهم ربنا أبصرنا وسمعنا فارجعنا﴾ [السَّجدة: 12]

Ba Sein
၁၂။ အို-တမန်တော်၊ အပြစ်ထိုက်သည့်ဒုစရိုက်ကောင်များသည် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူထသောကျေးဇူး တော်သခင်၏ မျက်မှောက်ဝယ် ဦးခေါင်းနှိမ့်ချလျက် အို-အကျွနု်ပ်တို့၏အရှင်သခင်၊ အကျွနု်ပ်တို့သည် ယခု မျက်ဝါးထင်ထင်မြင်ရကြားနာရပါပြီ၊ အကျွနု်ပ်တို့ကို ပြန်ပို့တော်မူပါ၊ အကျွနု်ပ်တို့သည် တရားမှန်ကို စောင့်ထိန်း ပါမည်၊ ယခုအကျွနု်ပ်တို့အမြင်မှန်ကို ရကြပါပြီဟု လျှောက်ထားသည်ကို သင်မြင်ရလျှင် ကောင်းလေစွ။
Ghazi Mohammad Hashim
အကယ်၍ အသင်တွေ့မြင်ပါလျှင် ထူးဆန်းစွာတွေ့မြင်ရပေမည်။ အကြင်အခါဝယ် အပြစ်ရှိသူတို့သည် (လွန်စွာရှက်ကြောက်၍) မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ရှေ့တော်မှောက်တွင် မိမိတို့၏ဦးခေါင်းများကိုစိုက်ချလျက် (ရပ်ကြကာ) အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်(ယခုသော်)ကျွန်တော် မျိုးတို့သည် မြင်လည်းမြင်ကြပါပြီ၊ ကြားလည်းကြားကြပါပြီ။ သို့ဖြစ်ပါ၍ အရှင်မြတ်သည် ကျွန်တော် မျိုးတို့အား (ကမ္ဘာလောကသို့)ပြန်၍ ပို့ပေးတော်မူပါ။ (ယခုတစ်ကြိမ်သော်ကား) ကျွန်တော်မျိုးတို့သည် ကောင်းမြတ်သောအကျင့်သီလကို ကျင့်မူဆောက်တည်ကြပါတော့မည်။ (ယခုသော်)ကျွန်တော်မျိုးတို့သည် ဧကန်မလွဲ ကောင်းစွာ ယုံကြည်သူများပင် ဖြစ်ကြပါပြီ (ဟု လျှောက်ထားအသနားခံကြပေမည်၊)
Hashim Tin Myint
အကယ်၍ (ထို‌နေ့၏မြင်ကွင်းကို) အသင်‌တွေ့မြင်လျှင် (အဘယ်မျှ အံ့ဩလိုက်မည်နည်း)။ ထို‌နေ့တွင် အပြစ်ရှိသူများသည် သူတို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အရှင်မြတ်၏‌ရှေ့၌ သူတို့၏ဦး‌ခေါင်းများကို ငိုက်စိုက်ချ၍ “အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်၊ (ယခုမူ) ကျွန်ုပ်တို့သည် မြင်လည်းမြင်ကြပြီဖြစ်ပါသည်၊ ကြားလည်းကြားကြပြီဖြစ်ပါသည်။ သို့ဖြစ်ရာ အရှင်မြတ်သည် ကျွန်ုပ်တို့အား (‌လောကသို့)ပြန်ပို့‌ပေး‌တော်မူပါ။ (ဤတစ်ခါမူ) ကျွန်ုပ်တို့သည် ‌ကောင်းမြတ်‌သောလုပ်ရပ်များကိုသာ ပြုလုပ်ကြပါ‌တော့မည်။ (ယခု) ကျွန်ုပ်တို့သည် အမှန်ပင် ယုံကြည်သူများ ဖြစ်ကြပါပြီ“ဟု ‌ပြောဆိုကြလိမ့်မည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek