Quran with Burmese translation - Surah Saba’ ayat 33 - سَبإ - Page - Juz 22
﴿وَقَالَ ٱلَّذِينَ ٱسۡتُضۡعِفُواْ لِلَّذِينَ ٱسۡتَكۡبَرُواْ بَلۡ مَكۡرُ ٱلَّيۡلِ وَٱلنَّهَارِ إِذۡ تَأۡمُرُونَنَآ أَن نَّكۡفُرَ بِٱللَّهِ وَنَجۡعَلَ لَهُۥٓ أَندَادٗاۚ وَأَسَرُّواْ ٱلنَّدَامَةَ لَمَّا رَأَوُاْ ٱلۡعَذَابَۚ وَجَعَلۡنَا ٱلۡأَغۡلَٰلَ فِيٓ أَعۡنَاقِ ٱلَّذِينَ كَفَرُواْۖ هَلۡ يُجۡزَوۡنَ إِلَّا مَا كَانُواْ يَعۡمَلُونَ ﴾
[سَبإ: 33]
﴿وقال الذين استضعفوا للذين استكبروا بل مكر الليل والنهار إذ تأمروننا أن﴾ [سَبإ: 33]
Ba Sein ၃၃။ ထို့အပြင်အောက်တန်းစားသူဆင်းရဲတို့က အထက်တန်းစားမာနရှင်တို့အား တုံ့ပြန်ပြောသည်မှာ ယင်းသို့ မဟုတ် ချေ၊ သင်တို့သည် နေ့ညမပြတ်ကြိုးပမ်းအားထုတ်၍ ငါတို့အား အလ္လာဟ်အရှင်မြတ်ကို မယုံကြည်ပဲ ပြိုင်ဘက် များတင်မြှောက်ကိုးကွယ်ဖို့ရာ သင်တို့သည် အမှန်အကန်အမိန့်ပေးခဲ့ကြသည်၊ ထို့အပြင်ထိုမိစ္ဆာယုတ်တို့သည် ငရဲအပြစ်ဒဏ်ကို မြင်ရသောအခါ ကြောက်လန့်၍ သံဝေဂရကြ၏၊ သို့သော်ငါအရှင်မြတ်သည် သူတို့၏လည်ပင်း ၌ မီးသည် ထိပ်မီးသံကြိုးဖွဲ့နှောင်ထား၏၊ သူတို့အား ၎င်းတို့ကျုးလွန်ခဲ့သောပြစ်မှုများမှတပါး အခြားအမှုများ အတွက် လက်စားချေအပြစ်ပေးခြင်းခံရကြသလော။ |
Ghazi Mohammad Hashim ထိုအချိန်တွင် နောက်လိုက်ငယ်သားတို့ကအကြီးအကဲတို့အား ထိုသို့ အလျဉ်းမဟုတ်၊ စင်စစ်မှာကားနေ့ညဉ့်မပြတ်(ကြံစည်လျက်ရှိခဲ့ကြသောအသင်တို့၏) ကြံစည်မှုများကပင် (ပိတ်ပင်တားမြစ်ခဲ့၏)။ အကြင်အခါဝယ် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အား မယုံကြရန်လည်းကောင်း၊ကျွန်ုပ်တို့သည် ထိုအရှင်မြတ်၌ ဂုဏ်ရည်တူများကို ပြုလုပ်ကြရန်လည်းကောင်း၊ အသင်တို့သည် ကျွန်ုပ်တို့အားအမိန့်ပေးတိုက်တွန်းလျက် ရှိခဲ့ကြသည်ဟု ပြောဆိုကြပေမည်။ အမှန်သော်ကား ၎င်းတို့သည် ပြစ်ဒဏ်ကို မြင်ကြသောအခါ (မိမိတို့၏) နောင်တရမှုကို လျှို့ဝှက်ဖုံးအုပ်ထားကြပေမည်။ ထိုအခါငါအရှင်မြတ်သည် ကာဖိရ် မယုံမကြည်သွေဖည် ငြင်းပယ်ကြကုန်သောသူတို့၏ လည်ကုပ်များ၌ လည်ကွင်းများကို စွပ်ပေးတော်မူပေမည်။ (စင်စစ်သော်ကား) ၎င်းတို့သည် မိမိတို့ ကျင့်မူလျက်ရှိခဲ့ကြသည်နှင့်အညီ အစားပေးခြင်းကိုသာခံကြရမည်ဖြစ် ပေသတည်း။ |
Hashim Tin Myint ထို့ပြင် နောက်လိုက်များက အကြီးအကဲများအား ပြောဆိုကြမည်- “ထိုသို့မဟုတ်ပေ၊ အမှန်စင်စစ် နေ့ည (အသင်တို့ကြံစည်နေကြသည့်) အကြံအစည်များကပင် (ပိတ်ပင်ခဲ့ခြင်းဖြစ်သည်)။ ထိုစဉ်က ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အား မယုံကြည်ရန်နှင့် ကျွန်ုပ်တို့သည် အရှင်မြတ်နှင့် ဂုဏ်ရည်တူများပြုလုပ်ကြရန်အတွက် အသင်တို့သည် ကျွန်ုပ်တို့အား အမိန့်ပေးလျက်ရှိခဲ့ကြသည်။“ ထို့ပြင် သူတို့သည် အပြစ်ဒဏ်ကို မြင်သည့်အခါ (သူတို့၏)နောင်တရမှုကို လျှို့ဝှက်ထားကြမည်။ ထို့ပြင် ငါအရှင်မြတ်သည် ကာဖိရ်များ၏လည်ကုတ်များတွင် လည်ထိပ်*များ စွပ်ပေးတော်မူမည်။ သူတို့သည် သူတို့ပြုလုပ်ခဲ့ကြသည်များမှလွဲ၍ အစားပေးခြင်း ခံကြရမည်မဟုတ်ပေ။ |