Quran with Burmese translation - Surah Saba’ ayat 52 - سَبإ - Page - Juz 22
﴿وَقَالُوٓاْ ءَامَنَّا بِهِۦ وَأَنَّىٰ لَهُمُ ٱلتَّنَاوُشُ مِن مَّكَانِۭ بَعِيدٖ ﴾
[سَبإ: 52]
﴿وقالوا آمنا به وأنى لهم التناوش من مكان بعيد﴾ [سَبإ: 52]
Ba Sein ၅၂။ ထိုအခါ၎င်းတို့က အကျွနု်ပ်တို့သည် သမ္မာတရားတော်ကို ယခုယုံကြည်ပါသည်ဟု ဆိုကြ၏၊ သို့သော်သူတို့ သည် ဤသို့ခရီးကြီးစွာလွန်ပြီးမှ ယုံကြည်ခြင်းသို့ အဘယ်သို့ရောက်နိုင်မည်နည်း။ |
Ghazi Mohammad Hashim ထိုအခါ ၎င်းတို့က ကျွန်တော်မျိုးတို့သည် ဤ(မှန်ကန်သောဒီန်သာသနာ)ကို ယုံကြည်ကြပါပြီဟု ပြောဆိုကြပေမည်။ သို့ရာတွင် ၎င်းတို့သည် ဤမျှဝေးလံစွာသောနေရာမှ (အီမာန် သက်ဝင်ယုံကြည်မှုကို) အဘယ်မှာလျှင်ရယူနိုင်ကြအံ့နည်း။ |
Hashim Tin Myint ထို့နောက် သူတို့က “ကျွန်ုပ်တို့သည် ထိုအရာကို ယုံကြည်ကြပါပြီ“ဟု ပြောဆိုကြမည်။ ထို့ပြင် သူတို့သည် ဤမျှဝေးလံသည့်နေရာမှ (အီမာန်)မည်သို့ ရယူနိုင်ကြမည်နည်း။ |