×

ထို့ပြင် (ထိုတမလွန်တရားစီရင်မည့်နေ့တွင်) ယခင်က (လောကီဘဝ၌) သူတို့၏ဘက်တော်သားများအား ပြုလုပ်ခဲ့သည့်နည်းတူ သူတို့နှင့်သူတို့က အာသာဆန္ဒရှိကြသောအရာများ၏အကြား၌ အကာအဆီးတစ်ခုဖြင့် ကာဆီးထားခြင်းခံရပေမည်။ ဧကန်ပင်၊ သူတို့သည် 34:54 Burmese translation

Quran infoBurmeseSurah Saba’ ⮕ (34:54) ayat 54 in Burmese

34:54 Surah Saba’ ayat 54 in Burmese (البورمية)

Quran with Burmese translation - Surah Saba’ ayat 54 - سَبإ - Page - Juz 22

﴿وَحِيلَ بَيۡنَهُمۡ وَبَيۡنَ مَا يَشۡتَهُونَ كَمَا فُعِلَ بِأَشۡيَاعِهِم مِّن قَبۡلُۚ إِنَّهُمۡ كَانُواْ فِي شَكّٖ مُّرِيبِۭ ﴾
[سَبإ: 54]

ထို့ပြင် (ထိုတမလွန်တရားစီရင်မည့်နေ့တွင်) ယခင်က (လောကီဘဝ၌) သူတို့၏ဘက်တော်သားများအား ပြုလုပ်ခဲ့သည့်နည်းတူ သူတို့နှင့်သူတို့က အာသာဆန္ဒရှိကြသောအရာများ၏အကြား၌ အကာအဆီးတစ်ခုဖြင့် ကာဆီးထားခြင်းခံရပေမည်။ ဧကန်ပင်၊ သူတို့သည် ရတက်မအေးဖြစ်စေသော မျှော်လင့်ချက်ကင်းရသည့် ဒွိဟသံသယ၌ပင် ရှိခဲ့ကြပေ၏။

❮ Previous Next ❯

ترجمة: وحيل بينهم وبين ما يشتهون كما فعل بأشياعهم من قبل إنهم كانوا, باللغة البورمية

﴿وحيل بينهم وبين ما يشتهون كما فعل بأشياعهم من قبل إنهم كانوا﴾ [سَبإ: 54]

Ba Sein
၅၄။ ယခုမှာ မယုံကြည်သူရှေးလူဟောင်းအဆက်ဆက်တို့အား ပြုတော်မူသည့်နည်းလမ်းအတိုင်း ထိုသူတို့အား ၎င်းတို့အလိုတော်ရှိသောအရာများမှ ချောက်ကြီးတစ်ခုက ကာဆီးထား၏၊ မှတ်သားကြလော့၊ သူတို့သည် သမ္မာတရားတော်ကို မိုက်လုံးကြီးစွာနှင့် ယုံမှားသံသယရှိလေ၏။
Ghazi Mohammad Hashim
၎င်းပြင် (ထိုနေ့တွင်) ရှေးယခင်က ၎င်းတို့ကဲ့သို့သောသူတို့အား ပြုလုပ်ခဲ့သည့်နည်းတူ ၎င်းတို့နှင့် ၎င်းတု့ိအာသာဆန္ဒရှိကြသောအရာများ၏အကြား၌ အကာအဆီးတစ်ခု ပြုလုပ်ခြင်းခံရပေမည်။ ဧကန်အမှန် ၎င်းတို့သည် ယုံမှားသံသယဖြစ်စေသော ဒွိဟသံသယ၌ပင် ရှိခဲ့ကြပေသတည်း။
Hashim Tin Myint
ထို့ပြင် (ထို‌နေ့တွင်) ယခင်က သူတို့ကဲ့သို့သူများကို ပြုလုပ်ခဲ့သည့်နည်းသူပင် သူတို့နှင့် သူတို့လိုလားသည့်အရာများ၏ကြား၌ အကာအဆီးတစ်ခု ပြုလုပ်ခြင်းခံရမည်ဖြစ်သည်။ အမှန်စင်စစ် သူတို့သည် ယုံမှားမှုဖြစ်‌စေ‌သော သံသယထဲ၌ပင် ရှိ‌နေခဲ့ကြသည်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek