Quran with Burmese translation - Surah Ya-Sin ayat 19 - يسٓ - Page - Juz 22
﴿قَالُواْ طَٰٓئِرُكُم مَّعَكُمۡ أَئِن ذُكِّرۡتُمۚ بَلۡ أَنتُمۡ قَوۡمٞ مُّسۡرِفُونَ ﴾
[يسٓ: 19]
﴿قالوا طائركم معكم أإن ذكرتم بل أنتم قوم مسرفون﴾ [يسٓ: 19]
Ba Sein ၁၉။ တမန်တော်တို့ပြန်ချေပြောပြသည်မှာ သင်တို့၏ အတိတ်ဆိုး၊ နိမိတ်ဆိုးများမှာ သင်တို့ကြောင့်သာလျှင် ဖြစ်ပေါ် လာကြ၏၊ သင်တို့အား သမ္မာတရားတော်ကို ပြသသွန်သင်ဆုံးမခြင်းကို သင်တို့သည် မကောင်းဆိုးဝါးသော အတိနိမိတ်ဟု ထင်မှတ်ကြသလော၊ ထိုသို့မဖြစ်နိုင်ချေ၊ သင်တို့သည် မှန်သောတရားတော်ကို အလွန်အကျူး ဖောက်ဖျက်သူများသာတည်း။ |
Ghazi Mohammad Hashim (ထိုအခါ) ရစူလ်တမန်တော်တို့က (ဤသို့) ပြောဆို(ဖြေကြား)ခဲ့ကြကုန်၏။ "အချင်းတို့၊ အသင်တို့၏ မကောင်းသော အတိတ်နိမိတ်သည် အသင်တို့၌ပင် ရှိနေပေသည်။ အသင်တို့ ဆုံးမဩဝါဒပေးခြင်းကို ခံခဲ့ကြရခြင်းသည်(မကောင်းသော အတိတ်နိမိတ်ပင်) ဖြစ်လေသလော။ ထိုသို့အလျှင်းမဟုတ်၊ စင်စစ်မှာကား အသင်တို့သည်သာလျှင် စည်းကမ်း ဖောက်ဖျက်သူများ ဖြစ်ကြကုန်သတည်း။ |
Hashim Tin Myint တမန်တော်များက ပြောဆိုခဲ့ကြသည်- “အသင်တို့၏ မကောင်းသည့်အတိတ်နမိတ်သည် အသင်တို့၌ပင် ရှိနေသည်။ အသင်တို့အနေဖြင့် ဆုံးမဩဝါဒပေးခံရခြင်းသည် မကောင်းသော အတိတ်နမိတ်လော။ ထိုသို့မဟုတ်ပေ၊ အမှန်စင်စစ် အသင်တို့ပင် စည်းဖောက်သူများဖြစ်ကြသည်။“ |