Quran with Burmese translation - Surah sad ayat 82 - صٓ - Page - Juz 23
﴿قَالَ فَبِعِزَّتِكَ لَأُغۡوِيَنَّهُمۡ أَجۡمَعِينَ ﴾
[صٓ: 82]
﴿قال فبعزتك لأغوينهم أجمعين﴾ [صٓ: 82]
Ba Sein ၈၂။ ထိုအခါအီဗလစ်(စ်)က အို-အရှင်မြတ်၊ အရှင်၏ အနန္တတန်ခိုးတော်ကို တိုင်တည်၍ ဆိုပါ၏၊ အကျွန်ုပ်သည် လူသားအားလုံးတို့ကို မုချအမှန်ဖျားယောင်းသွေးဆောင်ပါမည်။ |
Ghazi Mohammad Hashim (ထိုအခါ)ထို"ဗ်လီစ်"က လျှောက်ထားခဲ့လေ၏။ သို့ဖြစ်ပါလျှင် (ကျွန်တော်မျိုးသည်) အရှင်မြတ်၏ တန်ခိုးအာနုဘော်ကို တိုင်တည်(၍လျှောက်ထား)အပ်ပါသည်။ မုချမလွဲ ကျွန်တော်မျိုးသည် ထိုလူသားအားလုံးကိုပင် လွဲချော် မှောက်မှားအောင် ပြုလုပ်မည်ဖြစ်ပါသည်။ |
Hashim Tin Myint သူက ပြောသည်- သို့ဖြစ်လျှင် အရှင်မြတ်၏တန်ခိုးတော်ကို တိုင်တည်ပါသည်။ အမှန်စင်စစ် ကျွန်ုပ်သည် ထိုသူများအားလုံးကို လမ်းလွဲအောင် ပြုလုပ်မည်ဖြစ်ပါသည်။ |