Quran with Burmese translation - Surah Az-Zumar ayat 39 - الزُّمَر - Page - Juz 24
﴿قُلۡ يَٰقَوۡمِ ٱعۡمَلُواْ عَلَىٰ مَكَانَتِكُمۡ إِنِّي عَٰمِلٞۖ فَسَوۡفَ تَعۡلَمُونَ ﴾
[الزُّمَر: 39]
﴿قل ياقوم اعملوا على مكانتكم إني عامل فسوف تعلمون﴾ [الزُّمَر: 39]
Ba Sein ၃၉။ အို-တမန်တော်၊ ဟောကြားလော့၊ ဟယ်-မိစ္ဆာဒိဋ္ဌိအပေါင်းတို့၊ သင်တို့သည် သင်တို့နည်းလမ်းအတိုင်း ပြုကျင့် ကြလော့၊ ငါလည်း ငါ့နည်းအတိုင်း ကျင့်ကြံနေ၏၊ ကာလမကြာမြင့်မီ သင်တို့သည် သိကြရလတ့ံ။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား) ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် မိမိတို့၏(လက်ရှိ)အခြေအနေအတိုင်းပင် (ဆက်လက်၍) ကျင့်မူလျက် ရှိကြလေကုန်၊ ငါသည်လည်း (မိမိလက်ရှိအခြေအနေအတိုင်း)ကျင့်မူလျက်ပင် ရှိနေမည်။ မကြာမြင့်မီပင် အသင်တို့သည် သိရှိကြပေမည်။ |
Hashim Tin Myint (အို- တမန်တော်)အသင်ပြောလိုက်ပါ။ အို- ငါ၏အမျိုးသားတို့၊ အသင်တို့သည် အသင်တို့နည်းလမ်းအတိုင်းပင် အသင်တို့(လုပ်မြဲအတိုင်း)လုပ်နေကြပေတော့၊ ငါလည်း (လုပ်မြဲတိုင်းပင်) ပြုလုပ်နေမည်၊ မကြာမီ အသင်တို့ သိရလိမ့်မည်။ |