×

(ထိုသို့ အမိန့်တော် ထုတ်ပြန်တော်မူခြင်းမှာ) တစ်ဦးတစ်ယောက်၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် 39:56 Burmese translation

Quran infoBurmeseSurah Az-Zumar ⮕ (39:56) ayat 56 in Burmese

39:56 Surah Az-Zumar ayat 56 in Burmese (البورمية)

Quran with Burmese translation - Surah Az-Zumar ayat 56 - الزُّمَر - Page - Juz 24

﴿أَن تَقُولَ نَفۡسٞ يَٰحَسۡرَتَىٰ عَلَىٰ مَا فَرَّطتُ فِي جَنۢبِ ٱللَّهِ وَإِن كُنتُ لَمِنَ ٱلسَّٰخِرِينَ ﴾
[الزُّمَر: 56]

(ထိုသို့ အမိန့်တော် ထုတ်ပြန်တော်မူခြင်းမှာ) တစ်ဦးတစ်ယောက်၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) က ''သြော်၊ ယခုမှ နောင်တရပြီ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်က ပေးအပ်တော်မူသည့် ကျွန်ုပ်၏တာဝန်ကို အပြည့်အဝမကျေပွန်ဘဲ ပျက်ကွက်ပေါ့ဆခဲ့သောကြောင့် ဝမ်းနည်းရလေပြီ။ ထို့ပြင် ကျွန်ုပ်သည် အမှန်ပင် (အမှန်တရားကို) လှောင်ပြောင်သရော်ခဲ့ကြသူတို့တွင် အပါအဝင် ဖြစ်ခဲ့၏။'' ဟူ၍ ညည်းညူပြော ဆိုခြင်း မပြုမိစေရန်ပင် ဖြစ်၏။

❮ Previous Next ❯

ترجمة: أن تقول نفس ياحسرتا على ما فرطت في جنب الله وإن كنت, باللغة البورمية

﴿أن تقول نفس ياحسرتا على ما فرطت في جنب الله وإن كنت﴾ [الزُّمَر: 56]

Ba Sein
၅၆။ အလိုလေး၊ ဒုက္ခပဲ၊ ငါသည် အလ္လာဟ်အရှင်မြတ်ကို ဂရုမစိုက်မလေးစားခဲ့ချေ၊ ငါသည် ပျက်ချော်ပြောင်လှောင် သူတို့ဘောင်တွင် ပါဝင်ခဲ့၏ဟု သတိသံဝေဂရ၍ မြည်တမ်းငိုကြွေးခြင်းမပြုရအောင်။
Ghazi Mohammad Hashim
(ဤသည့်အမိန့်တော်ကို ထုတ်ပြန်တော်မူခြင်းမှာ) မည်သူတစ်ဦးတစ်ယောက်မျှပင် "ဪ-ငါသည်အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို လိုက်နာ ခြင်းနှင့်စပ်လျဉ်း၍ ပျက်ကွက်လစ်ဟင်းပေါ့ဆခဲ့သောကြောင့် ဝမ်းနည်းရလေခြင်း" ဟူ၍ မပြောဆိုနိုင်ရန် လည်းကောင်း။
Hashim Tin Myint
(ဤသည်ကို မိန့်ရခြင်းကမူ) မည်သူမျှ “‌ဪ- ငါသည်- အလ္လာဟ်အရှင်မြတ်၏အမိန့်‌တော်ကို လိုက်နာမှုနှင့်ပတ်သက်၍ ‌ပေါ့ဆပျက်ကွက်သည့်အ‌ပေါ်တွင် ဝမ်းနည်းဖွယ်ရာပင်၊ ထို့ပြင် ငါသည် အမှန်ပင် ‌ပြောင်‌လှောင်သည့်သူများထဲ၌ပင် ရှိ‌နေခဲ့သည်“ဟု မ‌ပြောဆိုနိုင်ရန်အတွက် ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek