Quran with Burmese translation - Surah An-Nisa’ ayat 167 - النِّسَاء - Page - Juz 6
﴿إِنَّ ٱلَّذِينَ كَفَرُواْ وَصَدُّواْ عَن سَبِيلِ ٱللَّهِ قَدۡ ضَلُّواْ ضَلَٰلَۢا بَعِيدًا ﴾
[النِّسَاء: 167]
﴿إن الذين كفروا وصدوا عن سبيل الله قد ضلوا ضلالا بعيدا﴾ [النِّسَاء: 167]
Ba Sein ၁၆၇။ မှတ်သားကြလော့။ အကြင်သူတို့သည် မယုံကြည်ကြ။ သူတစ်ပါးတို့ကို အလ္လာဟ်အသျှင်မြတ်၏ လမ်းတော်မှ တားဆီးပိတ်ပင်ကြ၏။ ထိုသူတို့သည် တရားလမ်းကြောင်းမှဝေးစွာ တိမ်းစောင်းသွား သူတို့ အမှန်ပင်ဖြစ်ကြ၏။ |
Ghazi Mohammad Hashim ဧကန်စင်စစ် အကြင်သူတို့သည် (တမန်တော်မုဟမ္မဒ်သည် နဗီဖြစ်ခြင်းနှင့်စပ်လျဉ်း၍ သက်သေခံအထင်အရှားရှိပါလျက်) မယုံမကြည် သွေဖည်ငြင်းပယ်ခဲ့ကြ၏။ ၎င်းပြင် အခြားသူများကို အလ္လာဟ်အရှင်မြတ်၏ (တရား) လမ်းတော်မှလည်း မြစ်တားခဲ့ကြ၏။ မလွဲဧကန် ထိုသူတို့သည် (တရားလမ်းမှန်မှ) အလွန်ကမ်းလှမ်းဝေးကွာသော လမ်းမှားသို့ ရောက်ရှိခဲ့ကြချေပြီ။ |
Hashim Tin Myint အမှန်စင်စစ် အကြင်သူများသည် ငြင်းပယ်ခဲ့ကြသည်သာမက (အခြားသူများအား) အရှင်မြတ်၏လမ်းတော်မှ တားမြစ်ခဲ့ကြသည်။ ထိုသူများသည် ဝေးလံသောလမ်းမှားထဲသို့ အမှန်ပင် လွဲမှား(ရောက်ရှိသွား)ခဲ့ပြီဖြစ်သည်။ |