﴿إِنَّمَا ٱلتَّوۡبَةُ عَلَى ٱللَّهِ لِلَّذِينَ يَعۡمَلُونَ ٱلسُّوٓءَ بِجَهَٰلَةٖ ثُمَّ يَتُوبُونَ مِن قَرِيبٖ فَأُوْلَٰٓئِكَ يَتُوبُ ٱللَّهُ عَلَيۡهِمۡۗ وَكَانَ ٱللَّهُ عَلِيمًا حَكِيمٗا ﴾
[النِّسَاء: 17]
မကောင်းမှုဖြစ်ကြောင်း မသိနားမလည်ခဲ့စဉ် ကျူးလွန်မိ၍ (ကိုယ့်ဘဝနှင့်ပတ်ဝန်းကျင်ကိုပါပျက်စီးစေ သော) မကောင်းမှုဖြစ်ကြောင်း သိနားလည်လာသည့်အခါ နောင်တကြီးစွာရလျက် ကောင်းမှုဘက်သို့ လှည့်ပြန်ပြီး ကောင်းမှုပြုလုပ်ရန် နီးစပ်နေသူတို့အနက်မှ ဖြစ်ကြသောသူတို့သည် ဖြူစင်သည့်နောင်တဖြင့် အလ္လာဟ်အရှင်မြတ်ဘက်သို့ လှည့်ပြန်ကြသူများ ဖြစ်သောကြောင့် သူတို့၏နောင်တဖြင့် ပြန်လှည့်၍ အသနားခံခြင်းကို (အရှင်မြတ်ကိုယ်တိုင်) သဘောတူလက်ခံတော်မူရန် အလ္လာဟ်အရှင်မြတ်အပေါ်၌ တာဝန်အဖြစ် သတ်မှတ် တော်မူ၏။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့၏လှုပ်ရှားမှု အလုံးစုံကို အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ ရှိသမျှတရားသူကြီးအားလုံးကို တွေးတောဆင်ခြင်စေလျက် စီရင်ဆုံးဖြတ်နိုင်စွမ်းပေးတော်သော အရှင်၊ အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။
ترجمة: إنما التوبة على الله للذين يعملون السوء بجهالة ثم يتوبون من قريب, باللغة البورمية
﴿إنما التوبة على الله للذين يعملون السوء بجهالة ثم يتوبون من قريب﴾ [النِّسَاء: 17]