Quran with Burmese translation - Surah An-Nisa’ ayat 49 - النِّسَاء - Page - Juz 5
﴿أَلَمۡ تَرَ إِلَى ٱلَّذِينَ يُزَكُّونَ أَنفُسَهُمۚ بَلِ ٱللَّهُ يُزَكِّي مَن يَشَآءُ وَلَا يُظۡلَمُونَ فَتِيلًا ﴾
[النِّسَاء: 49]
﴿ألم تر إلى الذين يزكون أنفسهم بل الله يزكي من يشاء ولا﴾ [النِّسَاء: 49]
Ba Sein ၄၉။ အို-တမန်တော် မိမိကိုယ်ကိုမိမိ သန့်ရှင်းဖြူစင်သူဟု ချီးကျူးသူတို့ကို သင်သည် မမြင်သလော။ အမှန်မှာ အလ္လာဟ်အသျှင်မြတ်သည် အလိုတော်ရှိသူတို့အား သန့်ရှင်းစင်ကြယ်စေတော်မူ၏။ သူတို့သည် စွန်ပလွံစေ့ပေါ်ရှိ အမြှေးတစ်ပင်လောက်မျှပင် မတရားပြုတော်မူခြင်းကို ခံရမည် မဟုတ်ပေ။ |
Ghazi Mohammad Hashim (အို- နဗီတမန်တော်) အသင်သည် မိမိတို့ကိုယ်ကို မိမိတို့ သန့်ရှင်းစင်ကြယ်ကြောင်း ပြောဆို (ကြွားဝါ) သောသူတို့ (၏ဖြစ်အင်) ကို မတွေ့မမြင်ပါလေသလော။ ထိုသို့အလျင်းမဟုတ်၊ အမှန်စင်စစ် သော်ကား အလ္လာဟ်အရှင်မြတ်သည်သာလျှင် မိမိအလိုရှိတော်မူသောသူအား သန့်ရှင်းစင်ကြယ်စေတော်မူလေ၏။ သို့ရာတွင် ၎င်းတို့သည် (အပြစ်ပေးတော်မူခြင်းကိုခံကြရာ၌) ဆံခြည်တစ်မျှင်ခန့်မျှပင် မတရား နှိပ်စက်ညှဉ်းပန်းခြင်းကို ခံကြရလိမ့်မည်မဟုတ်ပေ။ |
Hashim Tin Myint အသင်(တမန်တော်)သည် သူတို့ကိုယ်ကိုသူတို့ သန့်ရှင်းစင်ကြယ်ကြောင်း ပြောဆိုကြသောသူများကို မတွေ့မြင်လေသလော။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်ပင် အရှင်မြတ်အလိုရှိတော်မူသောသူကို သန့်ရှင်းစင်ကြယ်စေတော်မူသည်။ ၎င်းပြင် သူတို့သည် ဆံခြည်တစ်မျှင်မျှပင် မတရားနှိပ်စက်ခံကြရမည် မဟုတ်ပေ။ |