﴿فَلَا وَرَبِّكَ لَا يُؤۡمِنُونَ حَتَّىٰ يُحَكِّمُوكَ فِيمَا شَجَرَ بَيۡنَهُمۡ ثُمَّ لَا يَجِدُواْ فِيٓ أَنفُسِهِمۡ حَرَجٗا مِّمَّا قَضَيۡتَ وَيُسَلِّمُواْ تَسۡلِيمٗا ﴾
[النِّسَاء: 65]
(အမှန်မှာ သူတို့က) ထိုသို့ ခွင့်လွှတ်ခြင်းတောင်းခံရန်မလာရောက်ကြောင်းကို အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်မြတ်က သက်သေတည်တော်မူ၏။ ထိုသူတို့သည် သူတို့အချင်းချင်းကြားတွင်ရှိသော ခေတ်အဆက်ဆက်ကတည်းက အခိုင်အမာအမြစ်တွယ်လာခဲ့သည့် ပြဿနာများနှင့်စပ်လျဉ်း၍ အသင် (တမန်တော်)၏စီရင်ဆုံးဖြတ်မှုကို နာယူပြီးနောက် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော) စိတ်ဝိဉာဉ်များတွင် အသင်၏စီရင် ဆုံးဖြတ်မှုအတွက် မည်သည့် ကသိကအောက်နှင့်ကျဉ်းကြပ်မှုကိုမျှ မတွေ့ရဘဲ ကိုယ်စိတ်နှလုံးတို့ကို အပ်နှင်းလျက် ကြည်ဖြူစွာ အပြည့်အဝနာခံခြင်း မရှိသရွေး ယုံကြည်ရာ ရောက်လိမ့်မည်မဟုတ်ပေ။
ترجمة: فلا وربك لا يؤمنون حتى يحكموك فيما شجر بينهم ثم لا يجدوا, باللغة البورمية
﴿فلا وربك لا يؤمنون حتى يحكموك فيما شجر بينهم ثم لا يجدوا﴾ [النِّسَاء: 65]