Quran with Burmese translation - Surah Ghafir ayat 30 - غَافِر - Page - Juz 24
﴿وَقَالَ ٱلَّذِيٓ ءَامَنَ يَٰقَوۡمِ إِنِّيٓ أَخَافُ عَلَيۡكُم مِّثۡلَ يَوۡمِ ٱلۡأَحۡزَابِ ﴾
[غَافِر: 30]
﴿وقال الذي آمن ياقوم إني أخاف عليكم مثل يوم الأحزاب﴾ [غَافِر: 30]
Ba Sein ၃ဝ။ တဖန်ယုံကြည်သူ၊ သူတော်စင်က အို-အချင်းတို့၊ ရှေးအသင်းဟောင်းတို့၏ ကံကြမ္မာမျိုးကို သင်တို့အတွက် အကျွန်ုပ်ကြောက်လှပါ၏။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး (ထို)"မုအ်မင်န်"သက်ဝင် ယုံကြည်သူသည် (ဤသို့)ပြောကြားခဲ့ပြန်လေ၏။ အို-ကျွန်ုပ်၏ အမျိုးသားတို့၊ ဧကန်စင်စစ် ကျွန်ုပ်သည် အသင်တို့အပေါ်၌ (ရှေးအထက်ကျော်ကာလက) ဘာသာဝင်အုပ်စုများနည်းတူ(ဆိုးရွားသော)နေ့ (ဆိုက်ရောက်လာမည်)ကို စိုးရိမ်မိ၏။ |
Hashim Tin Myint ထို့ပြင် ထိုအီမာန်ယုံကြည်သူက ပြောခဲ့သည်- အို- ကျွန်ုပ်၏အမျိုးသားတို့၊ အမှန်စင်စစ် ကျွန်ုပ်သည် အသင်တို့အပေါ်တွင် (ယခင်က)အုပ်စုများ၏(ဆိုးရွားသည့်)နေ့မျိုး(ကျရောက်လာမည်)ကို စိုးရိမ်မိသည်။ |