Quran with Burmese translation - Surah Ghafir ayat 49 - غَافِر - Page - Juz 24
﴿وَقَالَ ٱلَّذِينَ فِي ٱلنَّارِ لِخَزَنَةِ جَهَنَّمَ ٱدۡعُواْ رَبَّكُمۡ يُخَفِّفۡ عَنَّا يَوۡمٗا مِّنَ ٱلۡعَذَابِ ﴾
[غَافِر: 49]
﴿وقال الذين في النار لخزنة جهنم ادعوا ربكم يخفف عنا يوما من﴾ [غَافِر: 49]
Ba Sein ၄၉။ ငရဲခံစားနေရသူတို့က ငရဲထိန်းတို့အား တောင်းပန်ကြမည်မှာ အကျွနု်ပ်တို့ကို တစ်နေ့မျှသာ ငရဲမှ ချမ်းသာ ပေးတော်မူပါရန် သင်တို့၏ အရှင်သခင်ထံ ဆုတောင်းပေးကြပါ။ |
Ghazi Mohammad Hashim ထို့နောက် ငရဲမီး၌ရှိကြသူ(အားလုံး)တို့သည် "ဂျဟန္နမ်" ငရဲဘုံကိုစောင့်ကြပ်သော("မလာအိကဟ်"ကောင်းကင်တမန်)တို့အား "အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်တွင် ဆုတောင်းပတ္ထနာပြုကြပါလျှင် ထိုအရှင်မြတ်သည် တစ်နေ့တလေမျှပင် ပြစ်ဒဏ်ကို ကျွန်ုပ်တို့မှ ပေါ့လျော့စေတော်မူမည်"ဟု ပြောဆို(အသနားခံ)ကြပေမည်။ |
Hashim Tin Myint ထို့နောက် ငရဲမီးတွင် ရှိကြသည့်သူများက ဂျဟန္နမ်ငရဲဘုံကို စောင့်ကြပ်သည့်သူ(ကောင်းကင်တမန်)များအား “ကျွန်ုပ်တို့အပေါ်ရှိ ပြစ်ဒဏ်ထဲမှ တစ်ရက်ခန့်မျှ လျှော့ပေါ့ပေးရန် အသင်တို့သည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်တွင် တောင်းဆိုလျှောက်ထားပေးပါ“ဟု ပြောဆိုကြမည်။ |