Quran with Burmese translation - Surah Az-Zukhruf ayat 39 - الزُّخرُف - Page - Juz 25
﴿وَلَن يَنفَعَكُمُ ٱلۡيَوۡمَ إِذ ظَّلَمۡتُمۡ أَنَّكُمۡ فِي ٱلۡعَذَابِ مُشۡتَرِكُونَ ﴾
[الزُّخرُف: 39]
﴿ولن ينفعكم اليوم إذ ظلمتم أنكم في العذاب مشتركون﴾ [الزُّخرُف: 39]
Ba Sein ၃၉။ သင်တို့သည် ဒုစရိုက်မကောင်းမှုကို ကျူးလွန်ခဲ့သောကြောင့် ဤနေ့တော်ကြီး၌ သင်တို့သည် အပြစ်ဒဏ်ကို ဝေယူကြရ၏၊ သင်တို့ကို ကောင်းကျိုးမပေးချေ။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး အသင်တို့ကိုယ်တိုင် မတရားကျူးလွန်ခဲ့ကြသောကြောင့် ယင်း(ယူကျုံးမရဖြစ်ခြင်း) သည် ယနေ့ အသင်တို့အဖို့ အလျှင်းအကျိုးပေးမည် မဟုတ်ပေ။ဧကန်မလွဲ အသင်တို့သည် (ထိုအဖော်များ ဖြစ်ကြသော"ရှိုင်တွာန်" မိစ္ဆာကောင်တို့နှင့်အတူ) ပြစ်ဒဏ်၌ ဖက်စပ်ပါဝင်သူများပင် ဖြစ်ကြကုန်၏။ |
Hashim Tin Myint ထို့ပြင် အသင်တို့ကိုယ်တိုင် မတရားကျူးလွန်ခဲ့ကြသည့်အတွက် ထို(သို့ဝမ်းနည်းပက်လက်ဖြစ်ခြင်း)သည် ဤနေ့ အသင်တို့အတွက် မည်သည့်အရာမျှ အကျိုးပေးမည်မဟုတ်ပေ။ အမှန်စင်စစ် အသင်တို့သည် (သူတို့နှင့်အတူ)ပြစ်ဒဏ်တွင် ဖက်စပ်ပါဝင်သူများပင်ဖြစ်ကြသည်။ |