×

စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်မှလွဲ၍ (သူ့ဆုတောင်းပန်ကြားမှုနှင့်စပ်လျဉ်း၍) သူ့အား ရှင်ပြန် ထမည့်နေ့တိုင်အောင်ဖြေကြားကြမည် မဟုတ်သော (အခြားကိုးကွယ်ရာများကို ယုံကြည်ဆည်းကပ်လျက်) ဟစ်ခေါ် တသ၍ ဆုတောင်းသည့်သူထက် 46:5 Burmese translation

Quran infoBurmeseSurah Al-Ahqaf ⮕ (46:5) ayat 5 in Burmese

46:5 Surah Al-Ahqaf ayat 5 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ahqaf ayat 5 - الأحقَاف - Page - Juz 26

﴿وَمَنۡ أَضَلُّ مِمَّن يَدۡعُواْ مِن دُونِ ٱللَّهِ مَن لَّا يَسۡتَجِيبُ لَهُۥٓ إِلَىٰ يَوۡمِ ٱلۡقِيَٰمَةِ وَهُمۡ عَن دُعَآئِهِمۡ غَٰفِلُونَ ﴾
[الأحقَاف: 5]

စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်မှလွဲ၍ (သူ့ဆုတောင်းပန်ကြားမှုနှင့်စပ်လျဉ်း၍) သူ့အား ရှင်ပြန် ထမည့်နေ့တိုင်အောင်ဖြေကြားကြမည် မဟုတ်သော (အခြားကိုးကွယ်ရာများကို ယုံကြည်ဆည်းကပ်လျက်) ဟစ်ခေါ် တသ၍ ဆုတောင်းသည့်သူထက် လမ်းမှာရောက်နေသူ မည်သူရှိမည်နည်း။ ထို့ပြင် (ထိုသို့ ဆည်းကပ်ကိုးကွယ်ခြင်းခံရသော) ထိုကိုးကွယ်ရာများသည် သူတို့၏ဆုတောင်းပန်ကြားမှုများကိုပင် (သိနားလည် နိုင်စွမ်း နှင့်သတိမူ၍ အလေးထားနိုင်စွမ်း မရှိသောကြောင့်) နမော်နမဲ့ဖြစ်နေကြ၏။

❮ Previous Next ❯

ترجمة: ومن أضل ممن يدعو من دون الله من لا يستجيب له إلى, باللغة البورمية

﴿ومن أضل ممن يدعو من دون الله من لا يستجيب له إلى﴾ [الأحقَاف: 5]

Ba Sein
၅။ အလ္လာဟ်အရှင်မြတ်မှတပါး ရှင်ပြန်ထမြောက်ရသောနေ့တိုင်အောင် မိမိတို့ဆုတောင်းချက်ကို ကြားလည်းမကြား၊ သိလည်းမသိသောဘုရားတုများကို ကိုးကွယ်သောသူတို့ထက် သာလွန်လမ်းမှားသူသည် မည်သူနည်း။
Ghazi Mohammad Hashim
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ် အပြင်အခြားသူများကို ဟစ်ခေါ်သောသူထက် ပို၍လမ်းမှားသောသူ မည်သူရှိအံ့နည်း။ ၎င်းတို့သည် ထိုသူ၏ စကားကို ‘ကိယာမတ်’ရှင်ပြန်ထမည့်နေ့တိုင်အောင် ဖြေကြားကြမည် မဟုတ်သည်သာမက ၎င်းတို့မှာ ဤသူတို့၏ ဟစ်ခေါ်ခြင်းကိုပင် သိကြရှာသူများမဟုတ်ပြီ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek