Quran with Burmese translation - Surah Al-Ahqaf ayat 6 - الأحقَاف - Page - Juz 26
﴿وَإِذَا حُشِرَ ٱلنَّاسُ كَانُواْ لَهُمۡ أَعۡدَآءٗ وَكَانُواْ بِعِبَادَتِهِمۡ كَٰفِرِينَ ﴾
[الأحقَاف: 6]
﴿وإذا حشر الناس كانوا لهم أعداء وكانوا بعبادتهم كافرين﴾ [الأحقَاف: 6]
Ba Sein ၆။ တရားစီရင်တော်မူဖို့ရာ လူသားအပေါင်းတို့ကို စုပေါင်းသောအခါ အတုအယောင်ဘုရားများတို့သည် မိမိတို့ကို ကိုးကွယ်သူများ၏ ရန်သူဖြစ်၍ သူတို့အား ကိုးကွယ်ခြင်းငြင်းပယ်လိမ့်မည်။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး လူတို့သည် စုရုံးခြင်းခံကြရသောအခါ ၎င်းတို့မှာ ထိုသူတို့၏ ရန်သူများပင် ဖြစ်သွားကြပေမည်။ထိုမှတပါး ၎င်းတို့သည် ထိုသူတို့၏ ဆည်းကပ် ကိုးကွယ်မှုကိုပင် ငြင်းပယ်ကြပေမည်။ |
Hashim Tin Myint ထို့ပြင် လူများသည် စုရုံးခြင်းခံကြရသောအခါ သူတို့(၏ကိုးကွယ်ရာများ)သည် သူတို့၏ ရန်သူများပင် ဖြစ်သွားကြလိမ့်မည်။ ထို့ပြင် ထို(ကိုးကွယ်ရာ)များသည် သူတို့၏ ကိုးကွယ်မှုကိုပင် ငြင်းပယ်ကြလိမ့်မည်။ |