Quran with Burmese translation - Surah Al-Ahqaf ayat 8 - الأحقَاف - Page - Juz 26
﴿أَمۡ يَقُولُونَ ٱفۡتَرَىٰهُۖ قُلۡ إِنِ ٱفۡتَرَيۡتُهُۥ فَلَا تَمۡلِكُونَ لِي مِنَ ٱللَّهِ شَيۡـًٔاۖ هُوَ أَعۡلَمُ بِمَا تُفِيضُونَ فِيهِۚ كَفَىٰ بِهِۦ شَهِيدَۢا بَيۡنِي وَبَيۡنَكُمۡۖ وَهُوَ ٱلۡغَفُورُ ٱلرَّحِيمُ ﴾
[الأحقَاف: 8]
﴿أم يقولون افتراه قل إن افتريته فلا تملكون لي من الله شيئا﴾ [الأحقَاف: 8]
Ba Sein ၈။ သို့မဟုတ် သူတို့က ရှင်မိုဟမ္မဒ် မဟုတ်မမှန်ဖန်တီးသောကျမ်းသာတည်းဟု ဆိုကြသလော၊ အေ-တမန်တော်၊ ဟောပြောလော့၊ ငါသည် ဤကျမ်းတော်ကို ဖန်တီးယူခဲ့ပါမူ သင်တို့သည် ငါ့ကို အလ္လာဟ်အရှင်မြတ်နှင့်အန်တု၍ ကူညီနိုင်စွမ်းမရှိချေ၊ အရှင်မြတ်ည် ထိုကျမ်းတော်နှင့်စပ်လျဉ်း၍ သင်တို့အချင်းချင်းပြောဆိုသမျှကို အကုန်အစင် ကြားသိတော်မူပါ၏၊ ငါနှင့်သင်တို့အလယ်ကြားတွင် သက်သေအဖြစ် အလ္လာဟ်အရှင်မြတ်သည် လုံလောက်တော် မူ၏၊ အရှင်မြတ်သည် အဖန်တလဲလဲအပြစ်လွှတ်တော်မူသောအရှင်၊ အနန္တကောင်းကြီးမင်္ဂလာတော်သခင်ဖြစ် တော်မူ၏။ |
Ghazi Mohammad Hashim ၎င်းတို့က ဤသူ(မုဟမ္မဒ်)သည် ထိုကုရ်အာန်ကျမ်းတော်မြတ်ကို ကြံစည်ဖန်တီးထားသည်ဟု ပြောဆိုကြလေသလော။ (သို့ဖြစ်လျှင် အို-နဗီတမန်တော်၊)အသင်သည် (၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့၊) အကယ်၍ ငါသည် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို ကြံစည်ဖန်တီးထားပါလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်၍ ငါ့အား လုံးဝကယ်နိုင်ကြသည် မရှိချေ။ ယင်းကုရ်အာန်ကျမ်းတော်မြတ် နှင့်စပ်လျဉ်း၍ အသင်တို့ပြောဆိုလျက် ရှိကြသည်တို့ကို ထိုအရှင်မြတ်သည် အသိဆုံးပင် ဖြစ်တော်မူ၏။ထိုအရှင်မြတ်သည်ပင် အသင်တို့နှင့် ငါ၏အကြားဝယ် လုံလောက်သောသက်သေဖြစ်တော်မူ၏။ သက်သေအဖြစ် လုံလောက်တော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ် ချမ်းသာပေးတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူ၏။ |
Hashim Tin Myint သူတို့က ၎င်း(တမန်တော်မုဟမ်္မဒ်(ဆွ))သည် ထိုကုရ်အာန်ကျမ်းတော်မြတ်ကို လုပ်ကြံဖန်တီးထားသည်ဟု ပြောဆိုကြသလော။ (အို-တမန်တော်)အသင်ပြောလိုက်ပါ- အကယ်၍ ငါသည် ထိုအရာကို လုပ်ကြံဖန်တီးထားလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ဆန့်ကျင်၍ ငါ့အား မည်သည့်အရာတစ်ခုမျှ မကယ်နိုင်ပေ။ ထိုအရာနှင့်ပတ်သက်၍ အသင်တို့ ပြောဆိုထိုးနှက်နေကြသည်ကို အရှင်မြတ်သည် အသိဆုံးပင်ဖြစ်တော်မူသည်။ အရှင်မြတ်ပင် အသင်တို့နှင့် ငါ၏ အကြားတွင် သက်သေအဖြစ် လုံလောက်တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင်ဖြစ်တော်မူသည်။ |