×

ထို့ပြင် ဧကန်မလွဲ၊ ငါအရှင်မြတ်သည် သင်တို့အနက်မှ (မည်သူမည်ဝါတို့သည်) စွမ်းစွမ်းတမံ ရုန်းကန်လှုပ်ရှားသူများနှင့် (အရှင့်လမ်းစဉ်တော်နှင့်အညီ ဘဝဆောက်တည်ရာတွင် ရင်ဆိုင်ကြုံတွေ့သမျှ ဒုက္ခအခက်အခဲများကို ဇွဲ၊ 47:31 Burmese translation

Quran infoBurmeseSurah Muhammad ⮕ (47:31) ayat 31 in Burmese

47:31 Surah Muhammad ayat 31 in Burmese (البورمية)

Quran with Burmese translation - Surah Muhammad ayat 31 - مُحمد - Page - Juz 26

﴿وَلَنَبۡلُوَنَّكُمۡ حَتَّىٰ نَعۡلَمَ ٱلۡمُجَٰهِدِينَ مِنكُمۡ وَٱلصَّٰبِرِينَ وَنَبۡلُوَاْ أَخۡبَارَكُمۡ ﴾
[مُحمد: 31]

ထို့ပြင် ဧကန်မလွဲ၊ ငါအရှင်မြတ်သည် သင်တို့အနက်မှ (မည်သူမည်ဝါတို့သည်) စွမ်းစွမ်းတမံ ရုန်းကန်လှုပ်ရှားသူများနှင့် (အရှင့်လမ်းစဉ်တော်နှင့်အညီ ဘဝဆောက်တည်ရာတွင် ရင်ဆိုင်ကြုံတွေ့သမျှ ဒုက္ခအခက်အခဲများကို ဇွဲ၊ လုံံ့လ၊ ဝီရိယဖြင့်) ခန္တီသည်းခံကြံ့ခိုင်မှုမြဲမြံကြသူများ ဖြစ်ကြောင်းကို ကွဲကွဲပြားပြားသိမြင်လာသည်အထိ သင်တို့အား စမ်းသပ်တော်မူမည်။ ထို့ပြင် သင်တို့၏အရေးကိစ္စဆိုင်ရာ သတင်းအချက်အလက် နှင့်အခြေအနေပေါ်မူတည်၍လည်း စမ်းသပ်တော်မူမည်။

❮ Previous Next ❯

ترجمة: ولنبلونكم حتى نعلم المجاهدين منكم والصابرين ونبلوا أخباركم, باللغة البورمية

﴿ولنبلونكم حتى نعلم المجاهدين منكم والصابرين ونبلوا أخباركم﴾ [مُحمد: 31]

Ba Sein
၃၁။ အေ-ယုံကြည်သူအပေါင်းသူတော်ကောင်းတို့၊ သင်တို့အနက် မည်သူသည် ငါ၏ လမ်းတော်ဝယ်အစွမ်းကုန် ကြိုးစားအားထုတ်တည်တ့ံခိုင်မြဲသည်ကို သိတော်မူသည့်တိုင်အောင် ငါသည် သင်တို့ကို စုံစမ်းတော်မူမည်၊ သင်တို့၏ စွမ်းရည်သတ္တိကိုလည်း စုံစမ်းတော်မူမည်။
Ghazi Mohammad Hashim
၎င်းပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့အနက်မှ သက်စွန့်ကြိုးပမ်း ဆောင်ရွက်သူတို့ကို သိရှိတော်မူသည့် တိုင်အောင်လည်းကောင်း၊ အသင်တို့၏ အခြေအနေများကို စမ်းသပ် (ကြည့်ရှု)တော်မူသည့် တိုင်အောင်လည်းကောင်း၊အသင်တို့အား စမ်းသပ်တော်မူအံ့သတည်း။
Hashim Tin Myint
ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့ထဲမှ သက်စွန့်ကြိုးပမ်းသည့်သူများနှင့် သည်းခံသည့်သူများ(ထင်ရှား‌ပေါ်ထွက်လာသည်)ကိုသိရှိရန်နှင့် အသင်တို့၏ အ‌ခြေအ‌နေကို ဆန်းစစ်‌တော်မူရန်အတွက် အသင်တို့အား စမ်းသပ်‌တော်မူမည်ဖြစ်သည်။ ###၁၁
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek