Quran with Burmese translation - Surah Al-Fath ayat 10 - الفَتح - Page - Juz 26
﴿إِنَّ ٱلَّذِينَ يُبَايِعُونَكَ إِنَّمَا يُبَايِعُونَ ٱللَّهَ يَدُ ٱللَّهِ فَوۡقَ أَيۡدِيهِمۡۚ فَمَن نَّكَثَ فَإِنَّمَا يَنكُثُ عَلَىٰ نَفۡسِهِۦۖ وَمَنۡ أَوۡفَىٰ بِمَا عَٰهَدَ عَلَيۡهُ ٱللَّهَ فَسَيُؤۡتِيهِ أَجۡرًا عَظِيمٗا ﴾
[الفَتح: 10]
﴿إن الذين يبايعونك إنما يبايعون الله يد الله فوق أيديهم فمن نكث﴾ [الفَتح: 10]
Ba Sein ၁ဝ။ အို-တမန်တော်၊ မဖောက်မပြန်အမှုတော်ကို ထမ်းရွက်ပါမည်ဟု သင့်ထံ သစ္စာခံယူကြသောသူတို့သည် အရှင် မြတ်ထံ သစ္စာခံယူသူများပင်ဖြစ်ကြ၏၊ အလ္လာဟ်အရှင်မြတ်၏ လက်တော်သည် သူတို့၏လက်ပေါ်၌ ထပ်လျက် ရှိ၏၊ အကြင်သူသည် သစ္စာကတိဖျက်အ့ံ၊ ထိုသူသည် မိမိဝိညာဉ်ကို နစ်နာစေဖို့ရာ ကတိဖျက်သည်သာမည်၏၊ အကြင်သူသည် အရှင်မြတ်အပေါ်၌ ကတိသစ္စာစောင့်အ့ံ၊ ထိုသူကို အလ္လာဟ်အရှင်မြတ်သည် ကြီးမြတ်သော အောင်ဆုမင်္ဂလာတော်နှင့် ချီးမြှင့်တော်မူလိမ့်မည်။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်၊) စင်စစ်ဧကန် အသင်နှင့်’ဗိုင်အတ်’ (ပဋိညာဉ်) ပြုကြကုန်သော သူတို့မှာ အလ္လာဟ်အရှင်မြတ်နှင့် ‘ဗိုင်အတ်’ပဋိညာဉ် ပြုကြသည် သာတည်း။ အလ္လာဟ်အရှင်မြတ်၏ လက်တော်ကား ၎င်းတို့၏လက်များပေါ်၌ ရှိတော်မူ၏။ သို့ဖြစ်ပေရာ မည်သူမဆို ပဋိညာဉ်ကို ချိုးဖျက်ခဲ့ပါလျှင် ထိုသူသည် မိမိကိုယ်နှင့် ဆန့်ကျင်၍ ပဋိညာဉ်ကို ချိုးဖျက်ခြင်းပင် ဖြစ်ပေသည်။ သို့ရာတွင် မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် ပဋိညာဉ်ပြုခဲ့သော အချက်တို့ကိုထိန်းသိမ်း စောင့်ရှောက်ခဲ့ပါလျှင် မကြာမြင့်မီပင် ထိုအရှင်မြတ်သည် ၎င်းအား ကြီးကျယ်လှစွာသော အကျိုးကို ချီးမြှင့် ပေးသနားတော်မူအံ့ သတည်း။ |
Hashim Tin Myint အမှန်စင်စစ် အသင်(တမန်တော်)နှင့် ဗိုင်အသ်သစ္စာဆိုမှုပြုလုပ်ကြသောသူများသည် အလ္လာဟ်အရှင်မြတ်နှင့် ဗိုင်အသ်သစ္စာဆိုမှုပြုလုပ်ကြသည်ပင်ဖြစ်သည်။ ###၄ အလ္လာဟ်အရှင်မြတ်၏လက်တော်သည် သူတို့၏ လက်များပေါ်တွင်ရှိသည်။ ထို့နောက် မည်သူမဆို သစ္စာဖောက်ခဲ့လျှင် ထိုသူသည် သူ၏ကိုယ်နှင့် ဆန့်ကျင်ပြီး သစ္စာဖောက်ခြင်းပင်ဖြစ်သည်။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် သစ္စာဆိုခဲ့သည့်အချက်များကို ထိန်းသိမ်းခဲ့လျှင် အရှင်မြတ်သည် မကြာမီသူ့အား ကြီးကျယ်သောအကျိုးကို ပေးသနားတော်မူမည်ဖြစ်သည်။ |