Quran with Burmese translation - Surah Al-Ma’idah ayat 29 - المَائدة - Page - Juz 6
﴿إِنِّيٓ أُرِيدُ أَن تَبُوٓأَ بِإِثۡمِي وَإِثۡمِكَ فَتَكُونَ مِنۡ أَصۡحَٰبِ ٱلنَّارِۚ وَذَٰلِكَ جَزَٰٓؤُاْ ٱلظَّٰلِمِينَ ﴾
[المَائدة: 29]
﴿إني أريد أن تبوء بإثمي وإثمك فتكون من أصحاب النار وذلك جزاء﴾ [المَائدة: 29]
Ba Sein ၂၉။ သင်သည် ငါ၏အပြစ်ဒဏ်၊ သင်၏အပြစ်ဒဏ်များကိုခံစား၍ အဝီစိငရဲမီး၏ ပိုင်ရှင်များဘောင်တွင် အပါအဝင်ဖြစ်လိုလျှင် ဖြစ်စေတော့။ ငါကား မဖြစ်လို ငရဲမီးသည် ဒုစရိုက်မှုကျုးလွန်သူတို့၏ ဆုလာဘ်ဖြစ်၏ဟု ပြောပြ၏။ |
Ghazi Mohammad Hashim “ဧကန်စင်စစ် ကျွန်ုပ် (အားသတ်ဖြတ်ခြင်း) ၏အပြစ်ကိုလည်းကောင်း၊ အသင်၏ (ယခင်) အပြစ်ကိုလည်းကောင်း အသင်သာလျှင် (မိမိပခုံးဖြင့်) ထမ်းဆောင်၍ ပြန်သွားရန် ကျွန်ုပ်ရည်စူး၏။ ထို့နောက် အသင်သည် ငရဲသားတို့တွင် အပါအဝင်ဖြစ်ချေမည်။ အမှန်စင်စစ် ဤသည်သာလျှင် မတော်မတရားပြုမူသောသူတို့၏ အကျိုးတည်း။” |
Hashim Tin Myint အမှန်စင်စစ် ကျွန်ုပ်(အား သတ်သော)အပြစ်နှင့် အသင်၏(ယခင်)အပြစ်ကို အသင်သည်သာ ထမ်းရွက်ရန် ကျွန်ုပ်ရည်ရွယ်သည်။ ထို့နောက် အသင်သည် ငရဲသားများထဲတွင် ဖြစ်သွားလိမ့်မည်။ ထို့ပြင် ၎င်းသည် မတရားပြုလုပ်သူများ၏ အကျိုးရလာဒ်ဖြစ်သည်။ |