Quran with Burmese translation - Surah Al-Ma’idah ayat 52 - المَائدة - Page - Juz 6
﴿فَتَرَى ٱلَّذِينَ فِي قُلُوبِهِم مَّرَضٞ يُسَٰرِعُونَ فِيهِمۡ يَقُولُونَ نَخۡشَىٰٓ أَن تُصِيبَنَا دَآئِرَةٞۚ فَعَسَى ٱللَّهُ أَن يَأۡتِيَ بِٱلۡفَتۡحِ أَوۡ أَمۡرٖ مِّنۡ عِندِهِۦ فَيُصۡبِحُواْ عَلَىٰ مَآ أَسَرُّواْ فِيٓ أَنفُسِهِمۡ نَٰدِمِينَ ﴾
[المَائدة: 52]
﴿فترى الذين في قلوبهم مرض يسارعون فيهم يقولون نخشى أن تصيبنا دائرة﴾ [المَائدة: 52]
Ba Sein ၅၂။ အကျွနု်ပ်တို့သည် ဘေးဒုက္ခထိမည်ကို စိုးရိမ်ကြောင့်ကြ၏ဟုဆိုသော မိမိတို့စိတ်နှလုံးများအတွင်း မိစ္ဆာဝါဒရောဂါစွဲကပ်နေသောသူတို့သည် ထိုရဟူဒီခရစ်ယာန်ဘာသာဝင် အမျိုးသားတို့ထံ ပြေးလွှား သွားသည်ကို သင်မြင်ရ၏။ အလ္လာဟ်အသျှင်မြတ်သည် အထံတော်မှ သင့်အား စစ်ရေးသား၍ အောင်နိုင်ခြင်းကိုသော်လည်းကောင်း၊ အမိန့်ဗျာဒိတ်တော်တစ်ပါးကိုသော်လည်းကောင်း၊ ပေးသနား တော်မူကောင်း ပေးသနားတော်မူလိမ့်မည်။ ထိုအခါ သူတို့သည် မိမိတို့၏ လျှို့ဝှက်ကြသော အကြံ အစည်များအတွက် ယူကြံုးမရ သတိနောင်တရကြလိမ့်မည်။ |
Ghazi Mohammad Hashim ထို့ကြောင့်ပင် အသင်သည် စိတ်နှလုံးများတွင် ဝေဒနာစွဲကပ်လျက်ရှိသောသူတို့အား ထို (ယဟူဒီနှင့် ခရစ်ယာန်) တို့ထံ အပြေးအလွှားသွားကြသည်ကို တွေ့မြင်ရလေသည်။ ထိုသူတို့က “ကျွန်ုပ်တို့သည် မိမိတို့၌ (မတော်တဆ) ဘေးဒုက္ခ အန္တရာယ်တစ်စုံတစ်ရာ ဆိုက်ရောက်လာမည်ကို စိုးရိမ်ကြသည်” ဟု ပြောဆိုကြကုန်၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် မကြာမြင့်မီ (မွတ်စ်လင်မ်တို့အား) အောင်မြင်ခြင်းတရားကို ပေးသနားတော်မူအံ့။ သို့တည်းမဟုတ် အထူးအကြောင်းတစ်ရပ်ရပ်ကို (ဖြစ်စေတော်မူအံ့။) ထိုအခါ ယင်းသူတို့သည် မိမိတို့စိတ်တွင်း၌ လျှို့ဝှက် ထိမ်ချန်ထားရှိခဲ့ကြသော အကြောင်းများနှင့်စပ်လျဉ်း၍ ဝမ်းနည်းပူဆွေးကြရလတ္တံ့။ |
Hashim Tin Myint ထို့ကြောင့် အသင်သည် စိတ်နှလုံးများ၌ရောဂါရှိသောသူများ ထိုသူ(ယဟူဒီနှင့် နတ်စွ်ရာနီ)များထံ အပြေးအလွှားသွားနေကြသည်ကို တွေ့မြင်ရခြင်းဖြစ်သည်။ သူတို့က ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အပေါ် ဘေးဒုက္ခတစ်ခုခုကျရောက်လာမည်ကို စိုးရိမ်ကြသည်ဟု ပြောဆိုကြသည်။* ထို့နောက် အလ္လာဟ်အရှင်မြတ်သည် မကြာမီ (မွတ်စ်လင်မ်များကို) အောင်မြင်မှုပေးသနားတော်မူမည်။ သို့မဟုတ် အရှင်မြတ်ထံတော်မှ အမိန့်တစ်စုံတစ်ခု(ချပေးတော်မူမည်)၊ ထိုအခါ သူတို့သည် သူတို့စိတ်များထဲ၌ လျှို့ဝှက်ထားခဲ့ကြသော အကြောင်းများနှင့်ပတ်သက်၍ ဝမ်းနည်းပူဆွေးသူများ ဖြစ်သွားကြလိမ့်မည်။ |