×

ယုံကြည်သူတို့၏ပြောဆိုချက်မှာမူ “သူတို့၏သစ္စာဆိုမှုတွင် အစွမ်းကုန် ရုန်းကရန်ကြိုးပမ်း၍ သူတို့သည် သင်တို့နှင့်အတူ မုချပင် ရှိနေကြောင်း (သိစေလျက်) အလ္လာဟ်အရှင်မြတ်အား အထူးတလည် ထပ်တလဲလဲ 5:53 Burmese translation

Quran infoBurmeseSurah Al-Ma’idah ⮕ (5:53) ayat 53 in Burmese

5:53 Surah Al-Ma’idah ayat 53 in Burmese (البورمية)

Quran with Burmese translation - Surah Al-Ma’idah ayat 53 - المَائدة - Page - Juz 6

﴿وَيَقُولُ ٱلَّذِينَ ءَامَنُوٓاْ أَهَٰٓؤُلَآءِ ٱلَّذِينَ أَقۡسَمُواْ بِٱللَّهِ جَهۡدَ أَيۡمَٰنِهِمۡ إِنَّهُمۡ لَمَعَكُمۡۚ حَبِطَتۡ أَعۡمَٰلُهُمۡ فَأَصۡبَحُواْ خَٰسِرِينَ ﴾
[المَائدة: 53]

ယုံကြည်သူတို့၏ပြောဆိုချက်မှာမူ “သူတို့၏သစ္စာဆိုမှုတွင် အစွမ်းကုန် ရုန်းကရန်ကြိုးပမ်း၍ သူတို့သည် သင်တို့နှင့်အတူ မုချပင် ရှိနေကြောင်း (သိစေလျက်) အလ္လာဟ်အရှင်မြတ်အား အထူးတလည် ထပ်တလဲလဲ ကျိန်ဆိုတိုင်တည်ခဲ့ကြသူတို့မှာ ဤပုဂ္ဂိုလ်များ မဟုတ်လော။” ဟူ၍ ဖြစ်လိမ့်မည်။ သူတို့၏ပြုမူကျင့်ကြံဆောင် ရွက်မှုများမှာ အကျိုးမဲ့ အချည်းနှီးဖြစ်လာခဲ့ခြင်းကြောင့် သူတို့သည် ဆုံးရှုံးနစ်နာသူများအဖြစ် ထင်ရှားလာလိမ့်မည်။

❮ Previous Next ❯

ترجمة: ويقول الذين آمنوا أهؤلاء الذين أقسموا بالله جهد أيمانهم إنهم لمعكم حبطت, باللغة البورمية

﴿ويقول الذين آمنوا أهؤلاء الذين أقسموا بالله جهد أيمانهم إنهم لمعكم حبطت﴾ [المَائدة: 53]

Ba Sein
၅၃။ ထိုအခါ ယုံကြည်သူများက ရှေးကျမ်းတော်ရရှိသူတို့အား ဤလူများသည် သင်တို့ဘက်သို့ မုချအမှန် ပါဝင်သည်ဟု အလ္လာဟ်အသျှင်မြတ်ကိုတိုင်တည်၍ သင်တို့အား အကျိန်ကြီးကျိန်ဆိုပြောသူတို့ ဖြစ်ကြသလောဟု ပြောဆိုကြလိမ့်မည်။ သူတို့၏ပြုကျင့်မှုများသည် အယဟဿအကျိုးမဲ့ ဖြစ်သွားပြီ။ သူတို့သည် ဆုံးရှုံးသူများ ဖြစ်ကြပြီ။
Ghazi Mohammad Hashim
၎င်းပြင် ‘အီမာန်’ သက်ဝင်ယုံကြည်သောသူများက (မုနာဖစ်က်များနှင့်စပ်လျဉ်း၍) အလ္လာဟ်အရှင်မြတ်အား အထူးတလည်တိုင်တည်၍ “မုချဧကန် ၎င်းတို့သည် အသင်တို့နှင့်အတူပင် ရှိကြပါသည်ဟု ပြောဆိုသောသူများမှာ ဤသူများပင်လော” ဟု ပြောဆိုကြမည်။ ၎င်းတို့၏အပြုအမူများသည် အချည်းနှီးဖြစ်ခဲ့ချေပြီ။ သို့ဖြစ်ပေရာ ၎င်းတို့သည် နစ်နာဆုံးရှုံးသူများပင် ဖြစ်ခဲ့ကြချေပြီ။
Hashim Tin Myint
ထို့ပြင် အီမာန်ယုံကြည်‌သောသူများက (မုနာဖိက်များနှင့်ပတ်သက်၍ ‌ပြောဆိုကြမည်) “အမှန်ပင် သူတို့သည် အသင်တို့(မွတ်စ်လင်မ်များ)နှင့်အတူ ရှိကြပါသည်ဟု အလ္လာဟ်အရှင်မြတ်အား အစွမ်းကုန်တိုင်တည်ပြီး ‌ပြောဆိုကြသူများသည် ဤသူများပင်‌လော“ဟု ‌ပြောဆိုကြမည်။ သူတို့၏အပြုအမူများသည် အချည်းနှီးဖြစ်ခဲ့ပြီဖြစ်သည်၊ သို့ဖြစ်ရာ သူတို့သည် ပျက်စီးဆုံးရှုံး‌သောသူများဖြစ်သွားပြီးဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek