Quran with Burmese translation - Surah Qaf ayat 16 - قٓ - Page - Juz 26
﴿وَلَقَدۡ خَلَقۡنَا ٱلۡإِنسَٰنَ وَنَعۡلَمُ مَا تُوَسۡوِسُ بِهِۦ نَفۡسُهُۥۖ وَنَحۡنُ أَقۡرَبُ إِلَيۡهِ مِنۡ حَبۡلِ ٱلۡوَرِيدِ ﴾
[قٓ: 16]
﴿ولقد خلقنا الإنسان ونعلم ما توسوس به نفسه ونحن أقرب إليه من﴾ [قٓ: 16]
Ba Sein ၁၆။ ငါသည် လူသားကို မုချဧကန်ဖန်ဆင်းတော်မူ၏၊ လူသားက မိမိဝိညာဉ်အား တီးတိုးပြောဆိုသည်ကို ငါအကုန် အစင်သိမြင်တော်မူ၏၊ လူသားသည် ၎င်း၏ လည်ချောင်းနီးကပ်သည်ထက် ငါသည် သူနှင့်နီးကပ်တော်မူ၏။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် မနူဿလူသားအား ဖန်ဆင်းတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်း၌ ၎င်း၏စိတ်က မသိမသာ ပေါ်ပေါက်စေသောအရာကိုလည်း သိတော်မူ၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် ၎င်း၏လည်ချောင်းသွေးကြောထက်ပင် ၎င်းနှင့် ပိုမိုနီးကပ်စွာ ရှိနေတော်မူ၏။ |
Hashim Tin Myint ထို့ပြင် အမှန်စင်စစ် ငါအရှင်မြတ်သည် လူသားများကို ဖန်ဆင်းတော်မူခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူ၏အထဲတွင် သူ၏စိတ်က မသိမသာပေါ်ပေါက်လာသောအရာ(စိတ်ကူး)ကိုလည်း သိတော်မူသည်။ ထို့ပြင် ငါအရှင်မြတ်သည် သူ၏လည်ချောင်းသွေးကြောထက်ပင်သူနှင့် ပို၍နီးသည်။ |