Quran with Burmese translation - Surah Al-hadid ayat 3 - الحدِيد - Page - Juz 27
﴿هُوَ ٱلۡأَوَّلُ وَٱلۡأٓخِرُ وَٱلظَّٰهِرُ وَٱلۡبَاطِنُۖ وَهُوَ بِكُلِّ شَيۡءٍ عَلِيمٌ ﴾
[الحدِيد: 3]
﴿هو الأول والآخر والظاهر والباطن وهو بكل شيء عليم﴾ [الحدِيد: 3]
Ba Sein ၃။ အရှင်မြတ်သည် အစအဆုံးဖြစ်တော်မူ၏၊ အတွင်းအပြင်ဖြစ်တော်မူ၏၊ ခပ်သိမ်းကုန်သောအရာကို အကြွင်းမဲ့ သိတော်မူ၏။ |
Ghazi Mohammad Hashim ထိုအရှင်မြတ်သည်ပင် အဦးဆုံးဖြစ်တော်မူသော အရှင်မြတ်သည် လည်းကောင်း၊ နောက်ဆုံး၌ရှိနေတော်မူအံ့သော အရှင်မြတ်သည် လည်းကောင်း၊ ထင်ရှားစွာရှိနေတော်မူသော အရှင်မြတ်သည် လည်းကောင်း၊ ကွယ်၍နေတော်မူသော အရှင်မြတ်သည် လည်းကောင်း၊ ဖြစ်တော်မူ၏။ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint အရှင်မြတ်ပင် အစအဦးဆုံး တည်ရှိတော်မူသောအရှင်၊ အဆုံးစွန်နောက်ဆုံးတိုင်တည်ရှိတော်မူမည့်အရှင်၊ ထင်ရှားစွာ ရှိနေတော်မူသောအရှင်၊ အကွယ်တွင် လျှို့ဝှက်စွာ တည်ရှိနေတော်မူသောအရှင်ဖြစ်တော်မူသည်။ ထို့ပြင် အရှင်မြတ်ပင် အရာအားလုံးကို အကြွင်းမဲ့သိတော်မူသောအရှင်ဖြစ်တော်မူသည်။ |