×

သို့ဖြစ်ပေရာ (ထိုသစ္စာဖောက်ခဲ့သော ဂျူးအုပ်စုများနှင့်သီလကြောင်များဖြစ်ကြသော) သူတို့နှစ်ဦးစလုံး၏နောက်ဆုံးအကျိုးဆက်နှင့်ပန်းတိုင်သည်ကား သူတို့နှစ်ဦးစလုံးသည် ယင်း၌ အမြဲထာဝရနေထိုင်ခံစားရမည့် ငရဲမီးထဲသို့ရောက်ရှိခြင်းပင် ဖြစ်၏။ ထို့ပြင် အရှင့်စည်းမျဥ်းတော်များကို ကျူးလွန်ချိုးဖောက်၍ 59:17 Burmese translation

Quran infoBurmeseSurah Al-hashr ⮕ (59:17) ayat 17 in Burmese

59:17 Surah Al-hashr ayat 17 in Burmese (البورمية)

Quran with Burmese translation - Surah Al-hashr ayat 17 - الحَشر - Page - Juz 28

﴿فَكَانَ عَٰقِبَتَهُمَآ أَنَّهُمَا فِي ٱلنَّارِ خَٰلِدَيۡنِ فِيهَاۚ وَذَٰلِكَ جَزَٰٓؤُاْ ٱلظَّٰلِمِينَ ﴾
[الحَشر: 17]

သို့ဖြစ်ပေရာ (ထိုသစ္စာဖောက်ခဲ့သော ဂျူးအုပ်စုများနှင့်သီလကြောင်များဖြစ်ကြသော) သူတို့နှစ်ဦးစလုံး၏နောက်ဆုံးအကျိုးဆက်နှင့်ပန်းတိုင်သည်ကား သူတို့နှစ်ဦးစလုံးသည် ယင်း၌ အမြဲထာဝရနေထိုင်ခံစားရမည့် ငရဲမီးထဲသို့ရောက်ရှိခြင်းပင် ဖြစ်၏။ ထို့ပြင် အရှင့်စည်းမျဥ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့၏အကျိုးဆက် (ပေးဆပ်မှု) သည် ထိုနည်းအတိုင်းပင် ဖြစ်မည်။

❮ Previous Next ❯

ترجمة: فكان عاقبتهما أنهما في النار خالدين فيها وذلك جزاء الظالمين, باللغة البورمية

﴿فكان عاقبتهما أنهما في النار خالدين فيها وذلك جزاء الظالمين﴾ [الحَشر: 17]

Ba Sein
၁၇။ နောက်ဆုံးစွန်ဘဝတွင် ဖျားယောင်းသူနှင့် ဖျားယောင်းခံရသူနှစ်ဦးစလုံးပင်လျှင် အဝီစိငရဲမီးထဲသို့ ကျရောက် ကြရလတ့ံ၊ ထိုငရဲတွင် သူတို့သည် အစဉ်အမြဲနေကြရလတ့ံ၊ ဤသည်သာလျှင် အကုသိုလ်မကောင်းမှုများကို ပြုကျင့်သူတို့၏ အကျိုးတည်း။
Ghazi Mohammad Hashim
သို့ဖြစ်ပေရာ ၎င်းတို့နှစ်ဦးစလုံး၏ နောက်ဆုံးအကျိုးမှာ ၎င်းတို့နှစ်ဦးသည် ငရဲထဲသို့ ရောက်ရှိကြပေမည်။၎င်းတို့နှစ်ဦးမှာ ယင်းငရဲထဲ၌ အမြဲထာဝစဉ် နေထိုင်ကြရပေမည်။ ဤသည် မတရားပြုလုပ်သော သူတို့၏အကျိုးတည်း။
Hashim Tin Myint
ထို့‌နောက် သူတို့(လူနှင့် ရှိုင်သွာန်)နှစ်ဦးစလုံး၏ ‌နောက်ဆုံးအကျိုးဆက်မှာ အမှန်စင်စစ် သူတို့နှစ်ဦးသည် အမြဲ‌နေထိုင်ရမည့်သူနှစ်ဦးအဖြစ် ငရဲထဲသို့ ‌ရောက်ရှိကြမည်။ ထို့ပြင် ဤသည်မတရားပြုလုပ်သည့်သူများ၏ အကျိုးပင်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek