×

အလ္လာဟ်အရှင်မြတ်သည် လူသားနှင့်ဂျင်န် (အပါအဝင်အရာခပ်သိမ်း) တို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရှင်မြတ်ပင်ဖြစ်သော်လည်း သူတို့သည် အရှင်မြတ်နှင့်တုပြိုင်တွဲဖက်၍ ဂျင်န်ကို ကိုးကွယ်ရာအဖြစ် ပြုလုပ်ကြသည်။ ထို့ပြင် 6:100 Burmese translation

Quran infoBurmeseSurah Al-An‘am ⮕ (6:100) ayat 100 in Burmese

6:100 Surah Al-An‘am ayat 100 in Burmese (البورمية)

Quran with Burmese translation - Surah Al-An‘am ayat 100 - الأنعَام - Page - Juz 7

﴿وَجَعَلُواْ لِلَّهِ شُرَكَآءَ ٱلۡجِنَّ وَخَلَقَهُمۡۖ وَخَرَقُواْ لَهُۥ بَنِينَ وَبَنَٰتِۭ بِغَيۡرِ عِلۡمٖۚ سُبۡحَٰنَهُۥ وَتَعَٰلَىٰ عَمَّا يَصِفُونَ ﴾
[الأنعَام: 100]

အလ္လာဟ်အရှင်မြတ်သည် လူသားနှင့်ဂျင်န် (အပါအဝင်အရာခပ်သိမ်း) တို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရှင်မြတ်ပင်ဖြစ်သော်လည်း သူတို့သည် အရှင်မြတ်နှင့်တုပြိုင်တွဲဖက်၍ ဂျင်န်ကို ကိုးကွယ်ရာအဖြစ် ပြုလုပ်ကြသည်။ ထို့ပြင် အရှင်မြတ်နှင့်စပ်လျဉ်း၍ အသိတရားကင်းမဲ့ကြလျက် အရှင့်အတွက် သားသမီးများကို မှားယွင်းစွာ ကြံစည်ဖန်တီးခဲ့ကြသည်။ ထိုအရှင်မြတ်သည် အတုမဲ့ အနှိုင်းမဲ့ဖြစ်ပြီး သက်ရှိတို့၏အရည်အသွေး များကို ဖြစ်တည်စေတော်မူသောအရှင် ဖြစ်ကြောင်း၊ ကိုးကွယ်ထိုက်သော နာမတော်၊ ဂုဏ်တော်အလုံးစုံကို ပိုင်ဆိုင်တော်မူကြောင်းနှင့်သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ယုံကြည်လက်ခံ၍ ဂုဏ်တင်ပါ၏။ ထိုမျှမက ထိုအရှင်သည် လူသားတို့၏ဉာဏ်ရည်ဉာဏ်စွမ်းဖြင့် ပုံမဖော်နိုင်အောင်ပင် အတိုင်းအဆမဲ့ ကြီးကျယ်မြင့်မြတ် လှပေ၏။

❮ Previous Next ❯

ترجمة: وجعلوا لله شركاء الجن وخلقهم وخرقوا له بنين وبنات بغير علم سبحانه, باللغة البورمية

﴿وجعلوا لله شركاء الجن وخلقهم وخرقوا له بنين وبنات بغير علم سبحانه﴾ [الأنعَام: 100]

Ba Sein
၁ဝဝ။ သို့ပါလျက် အလ္လာဟ်အသျှင်မြတ်သည် ဂျင်နတ်သားတို့ကို ဖန်ဆင်းတော်မူသော်လည်း သူတို့သည် ထိုဂျင်တို့ကို အသျှင်မြတ်နှင့်တန်းတူထားကြ၏။ အသပညာမရှိဘဲလျက် အသျှင်မြတ်၌ သားသမီးရှိသည်ဟု မဟုတ်မလျားစွပ်စွဲကြ၏။ အသျှင်မြတ်သည် ချို့တဲ့ခြင်းကင်းတော်မူ၏။ သူတို့စွပ်စွဲသည့် အညစ်အကြေးများမှ ကင်းစင်မြင့်မြတ်တော်မူလှပါ၏။
Ghazi Mohammad Hashim
သို့ပါလျက် ထိုသူများသည် ဂျင်န်(န်)သတ္တဝါများကို အလ္လာဟ်အရှင်မြတ်၏တွဲဖက်များ ပြုခဲ့ကြကုန်၏။ အမှန်စင်စစ်သော်ကား ထို(အလ္လာဟ်) အရှင်မြတ်သည်ပင်လျှင်ယင်း(မွတ်ရှ်ရစ်က်တို့ကို ဖန်ဆင်းတော်မူခဲ့လေသည်။ (ဂျင်န်များကဖန်ဆင်းထားသည်မဟုတ်၊) လည်းကောင်းပြင် ယင်းတို့သည် မသိနားမလည်ကြဘဲလျက် အလ္လာဟ်အရှင်မြတ်၌သားသမီးများ ရှိသည်ဟူ၍ ကြံစည်စွပ်စွဲ ပြောဆိုကြလေ၏။ထိုအရှင်မြတ်သည် ၎င်းတို့စွပ်စွဲပြောဆိုကြသည်တို့မှ သန့်ရှင်းစင်ကြယ် မြင့်မြတ်လှတော်မူပေသတည်း။(ရကူ)
Hashim Tin Myint
ထို့‌နောက် သူတို့သည် အလ္လာဟ်အရှင်မြတ်၏ တွဲဖက်များအဖြစ် ဂျင်န်သတ္တဝါများကို ပြုလုပ်ခဲ့ကြသည်။* ထို့ပြင် (အမှန်မှာ) အရှင်မြတ်သည်ပင် သူတို့အား ဖန်ဆင်း‌တော်မူခဲ့ခြင်းဖြစ်သည်။ (ဂျင်န်များက သူတို့ကို ဖန်ဆင်းခဲ့သည် မဟုတ်‌ပေ)။ ထို့ပြင် သူတို့သည် မသိနားမလည်ဘဲနှင့် အလ္လာဟ်အရှင်မြတ်မှာ သားများသမီးများရှိသည်ဟု လုပ်ကြံစွပ်စွဲ ‌ပြောဆိုကြသည်။ အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်‌တော်မူသည်။ ၎င်းပြင် အရှင်မြတ်သည် သူတို့ စွပ်စွဲ‌ပြောဆိုကြသည်များမှ အလွန်မြင့်မား‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek