×

ထို့ပြင် အကယ်၍ သူတို့သည် အသင် (တမန်တော်) အား မဟုတ်မတရားလိမ်လည်စွပ်စွဲ၍ ငြင်းဆိုကြလျှင် သူတို့ကို “သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော 6:147 Burmese translation

Quran infoBurmeseSurah Al-An‘am ⮕ (6:147) ayat 147 in Burmese

6:147 Surah Al-An‘am ayat 147 in Burmese (البورمية)

Quran with Burmese translation - Surah Al-An‘am ayat 147 - الأنعَام - Page - Juz 8

﴿فَإِن كَذَّبُوكَ فَقُل رَّبُّكُمۡ ذُو رَحۡمَةٖ وَٰسِعَةٖ وَلَا يُرَدُّ بَأۡسُهُۥ عَنِ ٱلۡقَوۡمِ ٱلۡمُجۡرِمِينَ ﴾
[الأنعَام: 147]

ထို့ပြင် အကယ်၍ သူတို့သည် အသင် (တမန်တော်) အား မဟုတ်မတရားလိမ်လည်စွပ်စွဲ၍ ငြင်းဆိုကြလျှင် သူတို့ကို “သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် အလွန် ကြီးကျယ်သော ကရုဏာတော်ကို ပိုင်ဆိုင်တော်မူသော မဟာကရုဏာတော်ရှင် ဖြစ်တော်မူ၏။” ဟု ဟောလော့။ သို့ရာတွင် ရာဇဝတ်မှုသင့်သော အပြစ်ရှိသော လူမျိုးတို့၏ဆိုးကျိုးဆက် (ပြစ်ဒဏ်) ကို လွဲဖွယ်ရုပ် သိမ်းတော်မူလိမ့်မည် မဟုတ်ချေ။

❮ Previous Next ❯

ترجمة: فإن كذبوك فقل ربكم ذو رحمة واسعة ولا يرد بأسه عن القوم, باللغة البورمية

﴿فإن كذبوك فقل ربكم ذو رحمة واسعة ولا يرد بأسه عن القوم﴾ [الأنعَام: 147]

Ba Sein
၁၄၇။ အို-မိုဟမ္မဒ် သူတို့သည် သင်တို့အား မုသားဆိုသူဟု စွပ်စွဲကြလျှင် သင်ဟောကြားလော့။ ဟယ်-အချင်းတို့ သင်တို့၏ကျေးဇူးတော်သခင်သည် အနန္တကောင်းချီးမင်္ဂလာတော်အသျှင် ဖြစ်တော်မူ၏။ ၎င်းပြင် အသျှင်မြတ်၏အမျက်တော်ကို အပြစ်ရှိသူများထံမှ လုံးဝရုပ်သိမ်းတော်မူမည်မဟုတ်ပေ။
Ghazi Mohammad Hashim
ထို့နောက်သော်မှပင် (အို-နဗီတမန်တော်)အကယ်၍ ၎င်းတို့သည် အသင့်အား မုသားပြောဆိုသည်ဟူ၍စွပ်စွဲကြပါလျှင်၊ အသင်သည်(၎င်းတို့ကိုဤသို့) ဖြေကြားပါလေ။အသင်တို့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည်အလွန်ကြီးကျယ်သော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသည်။ သို့ရာတွင် ထိုအရှင်မြတ်၏ပြစ်ဒဏ်သည်လည်း အပြစ်ရှိသောသူတို့အပေါ်မှ ဆုတ်ခွာ၍ (ရွေ့လျော) သွားလိမ့်မည်မဟုတ်ပေ။
Hashim Tin Myint
ထို့‌နောက်လည်း သူတို့သည် အသင်(တမန်‌တော်)အား (အသင် ယူလာ‌သောအရာကို) လိမ်လည်ငြင်းပယ်လျှင် အသင်‌ပြောလိုက်ပါ- အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်သည် အလွန်ကျယ်ဝန်း‌သော သနားကရုဏာ‌တော်ရှင်ဖြစ်သည်။ ၎င်းပြင် အရှင်မြတ်၏အပြစ်ဒဏ်သည်လည်း အပြစ်ရှိ‌သောသူများထံမှ ဆုတ်ခွာသွားမည် မဟုတ်‌ပေ။ (ခုခံ ဖယ်ရှားခံရမည် မဟုတ်‌ပေ)။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek