×

သို့တည်းမဟုတ် အကယ်၍သာ ကျွန်ုပ်တို့အား ကျမ်းတော်ချမှတ်ပေးအပ်ခြင်းခံရလျှင် ကျွန်ုပ်တို့သည် အမှန်ပင် ပိုမို၍ လမ်းညွှန်မှန်ရရှိသူတို့ထဲမှပင် ဖြစ်မည်ဟု ပြောကြလိမ့်မည်။ မုချပင် သင်တို့ထံသို့ 6:157 Burmese translation

Quran infoBurmeseSurah Al-An‘am ⮕ (6:157) ayat 157 in Burmese

6:157 Surah Al-An‘am ayat 157 in Burmese (البورمية)

Quran with Burmese translation - Surah Al-An‘am ayat 157 - الأنعَام - Page - Juz 8

﴿أَوۡ تَقُولُواْ لَوۡ أَنَّآ أُنزِلَ عَلَيۡنَا ٱلۡكِتَٰبُ لَكُنَّآ أَهۡدَىٰ مِنۡهُمۡۚ فَقَدۡ جَآءَكُم بَيِّنَةٞ مِّن رَّبِّكُمۡ وَهُدٗى وَرَحۡمَةٞۚ فَمَنۡ أَظۡلَمُ مِمَّن كَذَّبَ بِـَٔايَٰتِ ٱللَّهِ وَصَدَفَ عَنۡهَاۗ سَنَجۡزِي ٱلَّذِينَ يَصۡدِفُونَ عَنۡ ءَايَٰتِنَا سُوٓءَ ٱلۡعَذَابِ بِمَا كَانُواْ يَصۡدِفُونَ ﴾
[الأنعَام: 157]

သို့တည်းမဟုတ် အကယ်၍သာ ကျွန်ုပ်တို့အား ကျမ်းတော်ချမှတ်ပေးအပ်ခြင်းခံရလျှင် ကျွန်ုပ်တို့သည် အမှန်ပင် ပိုမို၍ လမ်းညွှန်မှန်ရရှိသူတို့ထဲမှပင် ဖြစ်မည်ဟု ပြောကြလိမ့်မည်။ မုချပင် သင်တို့ထံသို့ သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ ရှင်းလင်းထင်ရှားသော သက်သေလက္ခဏာတော်၊ လမ်းညွှန်တော်နှင့်ကရုဏာတော်ရောက်ရှိလာခဲ့ပြီ။ အလ္လာဟ်အရှင်မြတ်၏ အာယာသ်သက်သေလက္ခဏာတော်များကို (မဟုတ်မမှန် လိမ်လည်စွပ်စွဲ၍) ငြင်းဆန်ပြီး ယင်း (အာယာသ်သက်သေလက္ခဏာတော်) တို့မှ ရှောင်လွှဲသူထက် အရှင့်စည်းမျဉ်းတော်ကို ချိုးဖောက်၍မမှန်မကန်ပြုသူ မည်သူ ရှိအံ့နည်း။ အရှင့်အာယာသ်သက်သေလက္ခဏာတော်များမှ ရှောင်လွှဲကြသူတို့အား သူတို့ရှောင်လွှဲတားမြစ်မှုများကြောင့် မကြာမီ ငါအရှင်မြတ်သည် အလွန်ဆိုးဝါးသော ပြစ်ဒဏ်ကို (ဆိုးကျိုးဆက်အဖြစ်) အစားပေးတော်မူမည်။

❮ Previous Next ❯

ترجمة: أو تقولوا لو أنا أنـزل علينا الكتاب لكنا أهدى منهم فقد جاءكم, باللغة البورمية

﴿أو تقولوا لو أنا أنـزل علينا الكتاب لكنا أهدى منهم فقد جاءكم﴾ [الأنعَام: 157]

Ba Sein
၁၅၇။ သင်တို့သည် အကယ်၍ အကျွနု်ပ်တို့ထံသို့ ကျမ်းတော်တစ်စောင် ကျရောက်ပါလျှင် အကျွနု်ပ်တို့ သည် နည်းပြလမ်းညွှန်ခြင်းကို သူတို့ထက် သာလွန်လက်ခံယူကြပေမည်ဟု မဆိုနိုင်ရန်သော် လည်းကောင်း၊ ယခု သင်တို့ထံသို့ သင်တို့၏ ကျေးဇူးတော်သခင်ထံမှ လမ်းညွှန်ဖြစ်သော ကောင်းကြီးမင်္ဂလာတော်ဖြစ်သော ရှင်းလင်းသော သက်သေသာဓကတော် ကျရောက်လာပြီ။ အကြင် သူသည် အလ္လာဟ်အသျှင်မြတ်၏ နှုတ်ကပတ်တော်များကို မယုံကြည် ငြင်းပယ်၍ ကျောပေးသွား ၏။ ထိုသူပြုသည့်ပြစ်ထက် ကြီးလေးသောအပြစ်ကို ကျူးကျော်သူဘယ်သူနည်း။ သူတို့သည် ငါ အသျှင်မြတ်သည် သူတို့၏မနှစ်သက်ခြင်းကြောင့် ထိုနှုတ်ကပတ်တော်များကို ကျောပေးသွားသူတို့ အား အလွန်ဆိုးဝါးသောအပြစ်ဒဏ်ကို တပ်ရိုက်တော်မူ၏။
Ghazi Mohammad Hashim
သို့တည်းမဟုတ်(ဤလောကတွင်လည်း) အသင်တို့က အကယ်၍သာ ကျမ်းဂန်သည် ကျွန်တော်မျိုးတို့ထံ ကျရောက်ခဲ့ပါမူ မုချဧကန် ကျွန်တော်မျိုးတို့သည် ၎င်း(မုအ်မင်န်)တို့ထက်ပိုမို၍ လမ်းမှန်ကိုရရှိသူများပင် ဖြစ်ကြပါမည်ဟုမပြောနိုင်ကြရန် (ဤကျမ်းတော်မြတ်ကိုငါအရှင်မြတ်သည်ချပေးတော်မူခဲ့၏။) သို့ဖြစ်ပေရာ၊ ယခုမူကား အသင်တို့ထံအသင်တို့၏ အရှင်မြတ်အထံတော်မှ ထင်ရှားစွာသောသက်သေ လက္ခဏာသည်လည်းကောင်း၊ တရားဓမ္မ ညွှန်ကြားချက်သည်လည်းကောင်း၊ ကရုဏာတော်သည်လည်းကောင်း၊ရောက်ရှိလာခဲ့လေပြီ။ သို့ပါ၍ အကြင်သူထက်ပိုမို၍ မတရားသောသူသည် မည်သူရှိပါသနည်း။ ထိုသူသည် အလ္လာဟ်အရှင်မြတ်၏သက်သေလက္ခဏာများကို (မိမိကိုယ်တိုင်) မဟုတ်မမှန်ဟု ငြင်းပယ်ရုံသာမက အခြားသူတို့အားလည်း) ထိုသက်သေလက္ခဏာများ (ကိုယုံကြည်ခြင်းမှ) တားမြစ်လေသည်။ မကြာမြင့်မီ ငါအရှင်မြတ်သည် မိမိသက်သေလက္ခဏာများ(ကိုယုံကြည်ခြင်း)မှ တားမြစ်သောသူတို့အား၊ ၎င်းတို့၏တားမြစ်မှုကြောင့် အလွန်ဆိုးဝါးသောပြစ်ဒဏ်ကို အစားပေးတော်မူမည်။
Hashim Tin Myint
သို့မဟုတ် အသင်တို့က “အကယ်၍ ကျွန်ုပ်တို့အ‌ပေါ်၌ ကျမ်းဂန်ကျ‌ရောက်ခဲ့လျှင် အမှန်စင်စစ် ကျွန်ုပ်တို့သည် သူတို့ထက်ပိုပြီး လမ်းမှန်ရရှိသူများ ဖြစ်ကြပါမည်“ဟု မ‌ပြောနိုင်ကြရန် (ငါအရှင်မြတ်သည် ဤကျမ်းကို ချ‌ပေး‌တော်မူခဲ့ခြင်းဖြစ်သည်)။ သို့ဖြစ်ရာ အမှန်စင်စစ် အသင်တို့ထံသို့ အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ်ထံ‌တော်မှ ထင်ရှား‌သောလက္ခဏာ၊ လမ်းမှန်ညွှန်ကြားချက်နှင့် သနားကရုဏာသည် ‌ရောက်ရှိလာခဲ့ပြီဖြစ်သည်။ သို့ဖြစ်ရာ အကြင်သူထက်ပို၍ မတရားသူသည် မည်သူရှိဦးမည်နည်း။ ထိုသူသည် အလ္လာဟ်အရှင်မြတ်၏ သက်‌သေလက္ခဏာများကို မဟုတ်မမှန်ငြင်းပယ်ပြီး (အခြားသူများအားလည်း) ထိုသက်‌သေလက္ခဏာများ(ကို အီမာန်ယုံကြည်ခြင်း)မှ တားမြစ်သည်။ ငါအရှင်မြတ်သည် မကြာမီ ငါအရှင်မြတ်၏ သက်‌သေလက္ခဏာများ(ကို ယုံကြည်ခြင်း)မှ တားမြစ်‌သောသူများအား သူတို့၏တားမြစ်မှု‌ကြောင့် အလွန်ဆိုးဝါး‌သော အပြစ်ဒဏ်ကို အစား‌ပေး‌တော်မူမည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek