×

“အကယ်၍ အလ္လာဟ်အရှင်မြတ်က အမှန်တရားကို ကြားနိုင်စွမ်းရှိသော သင်တို့၏အကြားအာရုံများနှင့်အမှန်တရားကို မြင်နိုင်စွမ်းရှိသည့် သင်တို့၏အမြင်အာရုံများကို ရုပ်သိမ်းတော်မူပြီး (သနားညှာတာနိုင်စွမ်းနှင့်နားလည်နိုင်စွမ်းရှိသော) သင်တို့နှလုံးသားများ၏စွမ်းရည်များကို တံဆိပ်ခတ်နှိပ်၍ ချိတ်ပိတ်တော်မူခဲ့လျှင် 6:46 Burmese translation

Quran infoBurmeseSurah Al-An‘am ⮕ (6:46) ayat 46 in Burmese

6:46 Surah Al-An‘am ayat 46 in Burmese (البورمية)

Quran with Burmese translation - Surah Al-An‘am ayat 46 - الأنعَام - Page - Juz 7

﴿قُلۡ أَرَءَيۡتُمۡ إِنۡ أَخَذَ ٱللَّهُ سَمۡعَكُمۡ وَأَبۡصَٰرَكُمۡ وَخَتَمَ عَلَىٰ قُلُوبِكُم مَّنۡ إِلَٰهٌ غَيۡرُ ٱللَّهِ يَأۡتِيكُم بِهِۗ ٱنظُرۡ كَيۡفَ نُصَرِّفُ ٱلۡأٓيَٰتِ ثُمَّ هُمۡ يَصۡدِفُونَ ﴾
[الأنعَام: 46]

“အကယ်၍ အလ္လာဟ်အရှင်မြတ်က အမှန်တရားကို ကြားနိုင်စွမ်းရှိသော သင်တို့၏အကြားအာရုံများနှင့်အမှန်တရားကို မြင်နိုင်စွမ်းရှိသည့် သင်တို့၏အမြင်အာရုံများကို ရုပ်သိမ်းတော်မူပြီး (သနားညှာတာနိုင်စွမ်းနှင့်နားလည်နိုင်စွမ်းရှိသော) သင်တို့နှလုံးသားများ၏စွမ်းရည်များကို တံဆိပ်ခတ်နှိပ်၍ ချိတ်ပိတ်တော်မူခဲ့လျှင် သင်တို့အတွက် အလ္လာဟ်အရှင်မြတ်မှအပ အခြားမည်သည့်အားကိုးစရာ အရှင်သခင်က သင်တို့အတွက် ထိုစွမ်းရည်များကို ပြန်လည်ယူဆောင်လာနိုင်မည်နည်း။” ဟု မေးမြန်းလော့။ ငါအရှင်မြတ်သည် အရှင့်အာယာသ်သက်သေလက္ခဏာတော်များ (ဖြစ်သော တစ်ပါးတည်းသော အရှင်၏နိယာမတော်သာ စကြဝဠာအနှံ့၌ ရှိကြောင်း) ကို မည်သို့ ရှင်းလင်းညွှန်းကြားတော်မူသည်ကို တွေးမြင်ဆင်ခြင် လေ့လာသုံးသပ်ကြလော့။ (အရှင်မြတ်က ရှင်းပြတော်မူသည့်အတိုင်း အရှင့်နိယာမတော်များကို အရာရာတိုင်း၌ တွေ့မြင်ကြပြီးနောက်) သူတို့သည် (သဘာဝ၊ တိုက်ဆိုင်မှုနှင့်အလိုအလျောက်ဖြစ်နေသည်ဟု ထင်မြင်ယူဆ၍) လွဲဖယ်ရှောင်ပြေးလျက် ရှိနေကြ၏။

❮ Previous Next ❯

ترجمة: قل أرأيتم إن أخذ الله سمعكم وأبصاركم وختم على قلوبكم من إله, باللغة البورمية

﴿قل أرأيتم إن أخذ الله سمعكم وأبصاركم وختم على قلوبكم من إله﴾ [الأنعَام: 46]

Ba Sein
၄၆။ ဟောကြားလော့။ အကယ်၍ အလ္လာဟ်အသျှင်မြတ်သည် သင်တို့၏ ကြားခြင်း၊ မြင်ခြင်း ဂုဏ်သတ္တိ များကို နှုတ်သိမ်း၍ သင်တို့၏ စိတ်နှလုံးများကို တံဆိပ်ခတ်နှိပ်ထားတော်မူလျှင် အသျှင်မြတ်မှ တစ်ပါး အဘယ်ဘုရားသည် သင်တို့အား ထိုဂုဏ်သတ္တိများကို ပြန်ပေးနိုင်သနည်းဟု သင်တို့ တွေးတောဆင်ခြင်ကြပြီးပြီလော။ (ငါသည် သာဓကတော်များကို မည်သို့ရှင်းပြသည်ကို ကြည့်ကြ လော့) သို့ပါလျက် သူတို့သည် လှည့်သွားသေးကြ၏။
Ghazi Mohammad Hashim
(အို-နဗီတမန်တော်)အသင်ပြောပါလေ(အချင်းတို့) အသင်တို့ပြောပြကြလေကုန်။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ကြားခြင်းသတ္တိနှင့် မြင်ခြင်းသတ္တိများကိုရုပ်သိမ်းတော်မူသော်၊ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့၏စိတ်နှလုံးများကို တံဆိပ်ခတ်နှိပ်တော်မူခဲ့သော်၊ အလ္လာဟ်အရှင်မြတ်မှတစ်ပါး ထိုသတ္တိ(များ)ကို အသင်တို့အား ပြန်လည်ပေးမည့်ကိုးကွယ်ရာအရှင် မည်သူရှိသနည်း။ (အို-နဗီတမန်၊တော်) ငါအရှင်မြတ်သည် (တောင်ဟီဒ်နှင့်စပ်လျဉ်း၍) သက်သေသာဓကများကို မည်သို့မည်ပံ(အမျိုးမျိုးအဖုံဖုံ) ပြသတော်မူလျက်ရှိသည်ကို အသင်ရှုပါလေ။ သို့ပါလျက် ထိုသူများသည်လွဲဖယ်လျက် ရှိကြပေသည်။
Hashim Tin Myint
(အို- တမန်‌တော်)အသင် ‌ပြောလိုက်ပါ- အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ ကြားခြင်းနှင့်မြင်ခြင်းကို ရုပ်သိမ်း၍ အသင်တို့၏စိတ်နှလုံးများအား တံဆိပ်ခတ်နှိပ်‌တော်မူခဲ့လျှင်၊ အလ္လာဟ်အရှင်မြတ်မှလွဲ၍ ထို(ဂုဏ်သတ္တိ)များကို အသင်တို့အား ပြန်‌ပေးမည့်အရှင် မည်သူရှိသနည်းဆိုသည်ကို အသင်တို့ ‌ပြောပြကြပါ။ ငါအရှင်မြတ်သည် သက်‌သေသာဓကများကို မည်သို့‌ပြောင်းလဲပြသ‌တော်မူသည်ကို အသင်ကြည့်ပါ။ ထို့‌နောက်လည်း သူတို့သည် မျက်နှာလွှဲ‌နေကြသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek