﴿وَأَنذِرۡ بِهِ ٱلَّذِينَ يَخَافُونَ أَن يُحۡشَرُوٓاْ إِلَىٰ رَبِّهِمۡ لَيۡسَ لَهُم مِّن دُونِهِۦ وَلِيّٞ وَلَا شَفِيعٞ لَّعَلَّهُمۡ يَتَّقُونَ ﴾
[الأنعَام: 51]
ထို့ပြင် သူတို့အတွက် အရှင်မြတ်မှအပ အခြား မည်သည့် ယုံကြည်စိတ်ချရသော ကာကွယ်စောင့်ရှောက်သူနှင့်သူတို့ကိုယ်စား ကြားဝင်အသနားခံပေးမည့်သူမျှ ရှိမည်မဟုတ်သော ထိုနေ့တွင် သူတို့အားလုံးသည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင့်ထံသို့ စုရုံးစေခြင်းခံရမည်ကို စိုးရိမ်ကြောင့်ကြနေသူတို့အား ထို (ကျမ်းတော်မြတ်ကုရန်အာန်) ဖြင့် သတိပေးနှိုးဆော်လော့။ သို့မှသာ သူတို့သည် အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလိမ့်မည်။
ترجمة: وأنذر به الذين يخافون أن يحشروا إلى ربهم ليس لهم من دونه, باللغة البورمية
﴿وأنذر به الذين يخافون أن يحشروا إلى ربهم ليس لهم من دونه﴾ [الأنعَام: 51]