Quran with Burmese translation - Surah Al-Mulk ayat 19 - المُلك - Page - Juz 29
﴿أَوَلَمۡ يَرَوۡاْ إِلَى ٱلطَّيۡرِ فَوۡقَهُمۡ صَٰٓفَّٰتٖ وَيَقۡبِضۡنَۚ مَا يُمۡسِكُهُنَّ إِلَّا ٱلرَّحۡمَٰنُۚ إِنَّهُۥ بِكُلِّ شَيۡءِۭ بَصِيرٌ ﴾
[المُلك: 19]
﴿أو لم يروا إلى الطير فوقهم صافات ويقبضن ما يمسكهن إلا الرحمن﴾ [المُلك: 19]
| Ba Sein ၁၉။ သူတို့သည် အထက်ကောင်းကင်၌ လူးလာပျံသန်းသွားလာကြသောအတောင်ရှိ ငှက်တိရိစ္ဆာန်များကို မကြည့်ရှု ကြသလော၊ မဟာကရုဏာတော်အရှင်မှတပါး မည်သူမျှ ထိုငှက်တိရိစ္ဆာန်များကို လေထဲတွင် မထားချေ၊ စင်စစ်အားဖြင့် အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့မြင်တော်မူသောအရှင်ဖြစ်တော်မူ၏။ |
| Ghazi Mohammad Hashim ၎င်းတို့သည် မိမိတို့ထက်ဝယ် ငှက်တိရစ္ဆာန်တို့အား အတောင်ပံများကို ကားလျက်ရှိသည်ကို လည်းကောင်း၊(ယင်းအတောင်ပံများကို)ရုပ်သိမ်း လျက်ရှိကြသည်ကို လည်းကောင်း၊ ရှုမြင်ခဲ့ကြသည် မဟုတ်လော။ ယင်း ငှက်တိရစ္ဆာန်တို့ကို "ရဟ်မာန်" ကရုဏာတော်ရှင်မှတစ်ပါး အခြားမည်သူ တစ်ဦးတစ်ယောက်မျှပင် ထိန်းသိမ်း၍ ထားရှိသည်မဟုတ်ပြီ။ဧကန်မလွဲ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ ရှုမြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ |