Quran with Burmese translation - Surah Al-Mulk ayat 28 - المُلك - Page - Juz 29
﴿قُلۡ أَرَءَيۡتُمۡ إِنۡ أَهۡلَكَنِيَ ٱللَّهُ وَمَن مَّعِيَ أَوۡ رَحِمَنَا فَمَن يُجِيرُ ٱلۡكَٰفِرِينَ مِنۡ عَذَابٍ أَلِيمٖ ﴾
[المُلك: 28]
﴿قل أرأيتم إن أهلكني الله ومن معي أو رحمنا فمن يجير الكافرين﴾ [المُلك: 28]
Ba Sein ၂၈။ အို-တမန်တော်၊ ဟောပြောလော့၊ အို-သူယုတ်မာတို့၊ သင်တို့စဉ်းစားပြီးပြီလော၊ အလ္လာဟ်အရှင်မြတ်သည် အကျွနု်ပ်နှင့် အကျွနု်ပ်၏ အဖော်အပေါင်းတို့ကို ဖျက်ဆီးတော်မူသည်ဖြစ်စေ၊ ကောင်းကြီးမင်္ဂလာပေးသနား တော်မူသည်ဖြစ်စေ၊ မိစ္ဆာဒိဋ္ဌိတို့အား အလွန်ပြင်းပြနာကျင်ဖွယ်သောအပြစ်ဒဏ်တော်မှ အဘယ်သူသည် ကယ် နှုတ်လိမ့်မည်နည်း။ |
Ghazi Mohammad Hashim (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့) အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် ငါ့အားလည်းကောင်း၊ ငါနှင့်အတူရှိသူတို့အားလည်းကောင်း၊ ဖျက်ဆီးတော်မူခဲ့ပါလျှင် သို့မဟုတ် ထိုအရှင်မြတ်သည် ငါတို့အား သနားကရုဏာပြုတော်မူခဲ့ပါလျှင် "ကာဖိရ်" သွေဖည်ငြင်းပယ်သောသူတို့အား နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်မှ မည်သူ ကာကွယ်စောင့်ရှောက်မည်နည်း။ အသင်တို့သည်(ငါ့အား) ပြောပြကြလေကုန်။ |
Hashim Tin Myint (အို-တမန်တော်)အသင်ပြောလိုက်ပါ- အကယ်၍ အလ္လာဟ်အရှင်မြတ်သည် ငါ့ကိုသာမက ငါနှင့်အတူရှိသည့်သူများကိုလည်း ဖျက်ဆီးတော်မူခဲ့လျှင် ###၃ သို့မဟုတ် အရှင်မြတ်သည် ငါတို့ကို သနားကရုဏာ ပြုတော်မူခဲ့လျှင် ကာဖိရ် များအား နာကျင်စေသည့်ပြစ်ဒဏ်မှ မည်သူကာကွယ်မည်နည်းဆိုသည်ကို အသင်တို့ ပြောပြကြပါ။ |