Quran with Burmese translation - Surah Al-A‘raf ayat 130 - الأعرَاف - Page - Juz 9
﴿وَلَقَدۡ أَخَذۡنَآ ءَالَ فِرۡعَوۡنَ بِٱلسِّنِينَ وَنَقۡصٖ مِّنَ ٱلثَّمَرَٰتِ لَعَلَّهُمۡ يَذَّكَّرُونَ ﴾
[الأعرَاف: 130]
﴿ولقد أخذنا آل فرعون بالسنين ونقص من الثمرات لعلهم يذكرون﴾ [الأعرَاف: 130]
Ba Sein ၁၃ဝ။ ငါအသျှင်မြတ်သည် ဖာရောမင်း၏ အမျိုးသားတို့ တရားရကောင်းရစေစိမ့်ခြင်းငှား သူတို့အပေါ် ဒုမ္ဘိက္ခန္တရကပ်နှင့် အသီးအနှံ ခေါင်းပါးပျက်စီးခြင်းဘေး ဆိုက်ရောက်စေတော်မူ၏။ |
Ghazi Mohammad Hashim ၎င်းပြင် ငါအရှင်မြတ်သည် ဧကန်စင်စစ် ဖစ်ရ်အောင်န်၏ အမျိုးသားတို့အား နောင်တတရား ရစိမ့်သောငှာမိုးခေါင်ရေရှားစေခြင်းဖြင့်လည်းကောင်း၊ သစ်သီးဝလံ ရှားပါးစေခြင်းဖြင့်လည်းကောင်း၊ ဖမ်းဆီးကွပ်နှိပ် အပြစ်ပေးတော်မူခဲ့လေသည်။ |
Hashim Tin Myint ထို့ပြင် ငါအရှင်မြတ်သည် အမှန်စင်စစ် ဖိရ်အောင်န်၏အမျိုးသားများကို နောင်တ တရားရကြရန်အတွက် နှစ်ရှည်လများ မိုးခေါင် ရေရှားစေမှု၊ သစ်သီးဝလံရှားပါးစေမှုတို့နှင့် ဖမ်းဆီးအရေးယူတော်မူခဲ့သည်။ |