×

ထို့ပြင် ငါအရှင်မြတ်သည် (တမန်တော်မူဆာက ငါအရှင်မြတ် ချိန်းဆိုသတ်မှတ်ချက်နှင့်အညီ ကျေပွန်စွာ ဆောင်ရွက်သောကြောင့် သူ့လူမျိုးတို့ ရင်ဆိုင်ရသော ပြဿနာများကို ဖြေရှင်းနိုင်ရန် သူ့အားဂုဏ်သိက္ခာပေးတော်မူရန် 7:145 Burmese translation

Quran infoBurmeseSurah Al-A‘raf ⮕ (7:145) ayat 145 in Burmese

7:145 Surah Al-A‘raf ayat 145 in Burmese (البورمية)

Quran with Burmese translation - Surah Al-A‘raf ayat 145 - الأعرَاف - Page - Juz 9

﴿وَكَتَبۡنَا لَهُۥ فِي ٱلۡأَلۡوَاحِ مِن كُلِّ شَيۡءٖ مَّوۡعِظَةٗ وَتَفۡصِيلٗا لِّكُلِّ شَيۡءٖ فَخُذۡهَا بِقُوَّةٖ وَأۡمُرۡ قَوۡمَكَ يَأۡخُذُواْ بِأَحۡسَنِهَاۚ سَأُوْرِيكُمۡ دَارَ ٱلۡفَٰسِقِينَ ﴾
[الأعرَاف: 145]

ထို့ပြင် ငါအရှင်မြတ်သည် (တမန်တော်မူဆာက ငါအရှင်မြတ် ချိန်းဆိုသတ်မှတ်ချက်နှင့်အညီ ကျေပွန်စွာ ဆောင်ရွက်သောကြောင့် သူ့လူမျိုးတို့ ရင်ဆိုင်ရသော ပြဿနာများကို ဖြေရှင်းနိုင်ရန် သူ့အားဂုဏ်သိက္ခာပေးတော်မူရန် ဘဝတည်ဆောက်ရေးတွင်) လိုအပ်သမျှ အဆုံးအမ သွန်သင်ချက်နှင့်လမ်းညွှန်ချက်များကိုလည်းကောင်း၊ အရာခပ်သိမ်းတို့အတွက် ရှင်းလင်းချက်များကိုလည်းကောင်း၊ကျောက်ပြား၌ ရေးမှတ်စေတော်မူခဲ့၏။ သို့ဖြစ်၍ ယင်းကို စွဲမြဲစွာ မှတ်ယူစွဲကိုင်ထားလော့။ သင့်လူမျိုးတို့အား အကောင်းဆုံး ကျင့်ဆောင်မှုများဖြင့် ယုံကြည်ကျင့်ဆောင်ကြရန် အမိန့်ပေးညွှန်ကြားလော့။ မကြာမီ ငါအရှင်မြတ်သည် အရှင့်အမိန့်တော်များကို ချိုးဖောက်ကျူးလွန်သော အာခံသူတို့၏ပန်းတိုင် ဗိမာန်ကို သင်တို့အား ပြသတော်မူလိမ့်မည်။

❮ Previous Next ❯

ترجمة: وكتبنا له في الألواح من كل شيء موعظة وتفصيلا لكل شيء فخذها, باللغة البورمية

﴿وكتبنا له في الألواح من كل شيء موعظة وتفصيلا لكل شيء فخذها﴾ [الأعرَاف: 145]

Ba Sein
၁၄၅။ ငါသည် အရာခပ်သိမ်းကုန်တို့မှ ထုတ်ယူရမည့် သင်ခန်းစာများ၊ အရာခပ်သိမ်းကုန်တို့၏ အကြောင်း အရာများ၏ ရှင်းလင်းချက်များကို သူ့အား ကဗ္ဗည်းကျောက်စာရေးပေးတော်မူ၍ ဗျာဒိတ်ချတော်မူ သည်မှာ အို-မူဆာ ဤကျမ်းတော်ကို မြဲမြံစွာကိုင်ထားလော့။ သင်သည် မိမိအသင်းသားတို့အား ကျမ်းတော်တွင်ဖော်ပြထားသော သာလွန်ကောင်းမွန်သောလမ်းတော်ကို လျှောက်လိုက်ရန် အမိန့် ပေးလော့။ ငါသည် သင်တို့အား ဒုစရိုက်ပြစ်မှု ကျူးလွန်သူတို့၏ နေထိုင်ရာဌာနကို ပြတော်မူ၏။
Ghazi Mohammad Hashim
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထို(တမန်တော်မူစာ)အား (သာသနာရေးတွင်မုချလိုအပ်သည့်)အလုံးစုံသောအဆုံးအမ ဩဝါဒများကိုလည်းကောင်း၊ (အမိန့်ပညတ်များနှင့်ပတ်သက်၍) အရာခပ်သိမ်းတို့၏ ရှင်းလင်းချက်ကိုလည်းကောင်း၊ ၎င်းကျောက်သင်ပုန်းများတွင် ရေးမှတ်၍ ပေးသနားတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ (အို-နဗီတမန်တော် မူစာ)အသင်သည် ၎င်းကို မြဲမြံစွာစွဲကိုင်၍ ထားပါလေ။ ၎င်းပြင်အသင်သည် မိမိအမျိုးသားတို့အား ယင်းဩဝါဒတော်များအနက်မှ အကောင်းဆုံးများကို(စွဲမြဲစွာ)လိုက်နာကြရန် ဆင့်ဆိုပါလေ၊ မကြာမြင့်မီ ငါအရှင်မြတ်သည် အသင်တို့အား အမိန့်တော် မနာခံသောသူတို့၏ နေရာဌာနကို ပြသတော်မူအံ့။
Hashim Tin Myint
ထို့ပြင် ငါအရှင်မြတ်သည် ၎င်းအား ဆုံးမဩဝါဒ အစုံအလင်နှင့် အရာအားလုံး*၏ရှင်းလင်းချက်ကို သင်ပုန်းများ၌ ‌ရေးမှတ်‌ပေး‌တော်မူခဲ့သည်။* သို့ဖြစ်ရာ အသင်သည် ထိုအရာကို စွဲမြဲစွာ ကိုင်ထားပါ။ ၎င်းပြင် အသင်သည် အသင်၏အမျိုးသားများအား ထိုဩဝါဒ‌တော်များထဲမှ အ‌ကောင်းဆုံးများကို လိုက်နာကြရန် အမိန့်‌ပေးလိုက်ပါ။ မကြာမီ ငါအရှင်မြတ်သည် အသင်တို့အား အမိန့်မနာခံသူများ၏ ‌နေရာကို ပြသ‌တော်မူမည်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek