×

ဟောလော့။ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် (ကျွန်ုပ်အား) တရားတော်နှင့်အညီ တရားမျှတစွာ ပြုမူကျင့်ကြံရန်၊ ဝတ်ပြုရာနေရာတိုင်း၌ သင်တို့၏မျက်နှာ များကို 7:29 Burmese translation

Quran infoBurmeseSurah Al-A‘raf ⮕ (7:29) ayat 29 in Burmese

7:29 Surah Al-A‘raf ayat 29 in Burmese (البورمية)

Quran with Burmese translation - Surah Al-A‘raf ayat 29 - الأعرَاف - Page - Juz 8

﴿قُلۡ أَمَرَ رَبِّي بِٱلۡقِسۡطِۖ وَأَقِيمُواْ وُجُوهَكُمۡ عِندَ كُلِّ مَسۡجِدٖ وَٱدۡعُوهُ مُخۡلِصِينَ لَهُ ٱلدِّينَۚ كَمَا بَدَأَكُمۡ تَعُودُونَ ﴾
[الأعرَاف: 29]

ဟောလော့။ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် (ကျွန်ုပ်အား) တရားတော်နှင့်အညီ တရားမျှတစွာ ပြုမူကျင့်ကြံရန်၊ ဝတ်ပြုရာနေရာတိုင်း၌ သင်တို့၏မျက်နှာ များကို (အရှင့်ဘက်ရှေးရှုဦးတည်၍) မြဲမြံစွာ ဝတ်ပြုဆောက်တည်ရန်နှင့်အရှင့်ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) အတွက် စိတ်ရင်းစေတနာ ဖြူစင်စွာဖြင့် အရှင်မြတ်ကို ဟစ်ခေါ်ရန် အမိန့်ပေးညွှန်ကြားတော်မူ၏။ သင်တို့အား မူလအစ၌ စတင်ဖြစ်တည်စေတော်မူသကဲ့သို့ (ထိုအရှင်မြတ်ထံတော်သို့ပင်) သင်တို့ ပြန်ကြရလိမ့်မည်။

❮ Previous Next ❯

ترجمة: قل أمر ربي بالقسط وأقيموا وجوهكم عند كل مسجد وادعوه مخلصين له, باللغة البورمية

﴿قل أمر ربي بالقسط وأقيموا وجوهكم عند كل مسجد وادعوه مخلصين له﴾ [الأعرَاف: 29]

Ba Sein
၂၉။ ဟောကြားလော့။ ဟယ်-အချင်းတို့ အကျွနု်ပ်တို့၏ ကျေးဇူးတော်သခင်သည် တရားမှန်ကန်ခြင်းကို ကျင့်ကြံရမည်ဟု ပညတ်တတော်မူ၏။ ဆွလာသ်ဝတ်ပြုရာနေရာတိုင်း၌ သင်တို့သည် အလ္လာဟ်အသျှင်မြတ်ဘက်တော်သို့ ဖြောင့်မတ်မှန်ကန်မှုနှင့် မျက်နှာမူကြလော့။ အသျှင်မြတ်အား သာလျှင် ခဝပ်ကိုးကွယ်ခြင်းအားဖြင့် သာသနာတော်ကို အသျှင်မြတ်ဖို့သာ သန့်ရှင်းဖြူစင်ကြလော့။ အျှင်မြတ်သည် သင်တို့ကို ဖန်ဆင်းတော်မူ၏။ သင်တို့သည် အသျှင်မြတ်အထံတော်သို့ ပြန်ကြရမည်။
Ghazi Mohammad Hashim
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားဤသို့)ပြောကြားပါလေ။ ကျွန်ုပ်၏အရှင်မြတ်သည် တရားမျှတရန် အမိန့်ပေးတော် မူခဲ့လေသည်။ ၎င်းပြင် အသင်တို့သည်မိမိတို့မျက်နှာကို စဂျ်ဒဟ် ပျပ်ဝပ်ဦးချတိုင်း တည့်မတ်စွာထားရှိကြလေကုန်။ ထို့ပြင် အသင်တို့သည် ထိုအရှင်အား ထိုအရှင်မြတ်၏ အမိန့်တော်များကို လိုက်နာသူများပီသစွာ ဟစ်ခေါ်ကြလေကုန်။ အသင်တို့သည် ထိုအရှင်မြတ် အသင်တို့အားအစအဦးကနဦးက ဖန်ဆင်းတော်မူဘိသကဲ့သို့ပင် (ထိုအရှင်မတ်အထံတော်သို့ တဖန်ရှင်၍) ပြန်ကြရပေလတ္တံ့။တစ်နည်း။(အို-နဗီ) အသင်သည် (ထိုကာဖိရ်တို့အား) ဤသို့ပြောကြားပါလေ။ (အလ္လာဟ်အရှင်မြတ်သည် စက်ဆုပ်ရွံ့ရှာဖွယ်ရာများကိုပြုလုပ်ရန် အလျင်း အမိန့်ပေးတော်မူသည်မဟုတ်။) ကျွန်ုပ်၏အရှင်က အမိန့်ပေးတော်မူသည်မှာ (ဥပမာ)တရားမျှတစွာ ပြုလုပ်ရန်၊ ၎င်းပြင် အသင်တို့သည် စဂျ်ဒဟ်ပျပ်ဝပ်ဦးချတိုင်း၊ မိမိတို့၏မျက်နှာ (ဝါ စိတ်)ကို အလ္လာဟ်အရှင်မြတ်၏ဖက်တော်သို့) တည့်မတ်စွာထားကြကုန်။ ၎င်းပြင်အသင်တို့သည် ထိုအရှင်မြတ်အား ဝတ်ပြုမှုကို ထိုအရှင်မြတ်အဖို့သာလျှင် စိတ်စေတနာဖြူစင်စွာဖြင့် ပြုလုပ်သူများအဖြစ်ဖြင့် ထိုအရှင်မြတ်အား (ဟစ်ခေါ်) ပန်ကြားကြကုန်။ ထိုအရှင်မြတ်က အသင်တို့အား စတင်ဖန်ဆင်းတော်မူသကဲ့သို့ပင် သင်တို့သည် (ထိုအရှင်မြတ်ထံတော်သို့) ပြန်လှည့် ကြရလိမ့်မည်။
Hashim Tin Myint
(အို- တမန်‌တော်)အသင်‌ပြောလိုက်ပါ- ကျွန်ုပ်၏အရှင်မြတ်သည် တရားမျှတရန် အမိန့်‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် အသင်တို့သည် အိဗာဒသ်လုပ် စဂျ်ဒဟ်ဦးချ‌သော ‌နေရာတိုင်း၌ အသင်တို့၏မျက်နှာများကို အရှင်မြတ်ဘက် (တစ်စိတ်တစ်လက်တည်း) မျက်နှာမူပြီး ပြုလုပ်ကြပါ။ ၎င်းပြင် အရှင်မြတ်အတွက် ဝတ်ပြုမှုကို အရှင်မြတ်အတွက်သာ စိတ်‌စေတနာဖြူစင်မှုဖြင့် ပြုလုပ်‌သောသူများအဖြစ်နှင့် အရှင်မြတ်ကို ဟစ်‌ခေါ်ပန်ကြားကြပါ။ အရှင်မြတ်သည် အသင်တို့အား စတင် ဖန်ဆင်း‌တော်မူသကဲ့သို့ပင် အသင်တို့သည် (အရှင်မြတ်ထံ‌တော်သို့) ပြန်လှည့်ကြရမည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek