Quran with Burmese translation - Surah Al-A‘raf ayat 28 - الأعرَاف - Page - Juz 8
﴿وَإِذَا فَعَلُواْ فَٰحِشَةٗ قَالُواْ وَجَدۡنَا عَلَيۡهَآ ءَابَآءَنَا وَٱللَّهُ أَمَرَنَا بِهَاۗ قُلۡ إِنَّ ٱللَّهَ لَا يَأۡمُرُ بِٱلۡفَحۡشَآءِۖ أَتَقُولُونَ عَلَى ٱللَّهِ مَا لَا تَعۡلَمُونَ ﴾
[الأعرَاف: 28]
﴿وإذا فعلوا فاحشة قالوا وجدنا عليها آباءنا والله أمرنا بها قل إن﴾ [الأعرَاف: 28]
Ba Sein ၂၈။ သူတို့သည် ကာမေသုမိစ္ဆာစာရ စသည် စက်ဆုတ်ရွံ့ရှာဖွယ်ကောင်းသော အမှုအခင်းကို ပြုကျင့်သော အခါ သူတို့က အကျွနု်ပ်တို့သည် မိမိတို့ မိဘ၊ ဘိုးဘွားတို့အား ထိုအမှုအခင်းကို ပြုကျင့်လျက် တွေ့ကြပါ၏။ အလ္လာဟ်အသျှင်မြတ်သည် ထိုအမှုအခင်းကိုပြုဖို့ရာ ပညတ်တော်မူ၏။ ဟောကြားလော့။ အလ္လာဟ်အသျှင်မြတ်သည် ထိုစက်ဆုတ်ရွံ့့ရှာဖွယ်ကောင်းသောအမှုအခင်ကို အမှန်ပင် ပညတ်တော်မမူပေ။ သင်တို့သည် အလ္လာဟ်အသျှင်မြတ်နှင့်စပ်လျဉ်း၍ မိမိတို့ မသိသော အရာကို ပြောဆိုကြသလော။ |
Ghazi Mohammad Hashim ၎င်းပြင် (မယုံမကြည်သွေဖည်ငြင်းပယ်သော)သူတို့သည် စက်ဆုပ်ရွံရှာဖွယ်ရာ ကိစ္စတစ်စုံတစ်ရာ ကိုပြုလုပ်ကြသည့်အခါ ကျွန်ုပ်တို့သည် မိမိတို့ ဘိုး၊ ဘေး၊ ဘီ၊ဘင်တို့အား ဤနည်းအတိုင်း(ပြုလုပ်ကြသည်ကို) တွေ့ရှိခဲ့ကြပါသည်ဟူ၍လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည်လည်းကျွန်ုပ်တို့အား ဤအတိုင်းအမိန့်ပေးတော်မူခဲ့သည်ဟူ၍လည်းကောင်း၊ပြောဆိုကြကုန်၏။ (အို-နဗီတမန်တော်)အသင်သည်(၎င်းတို့အားဤသို့)ပြောဆိုပါလေ။ (အချင်းတို့) အလ္လာဟ်အရှင်မြတ်သည် စက်ဆုပ်ဖွယ်ရာကိစ္စများကို (ပြုလုပ်ရန်) အလျင်းအမိန့်ပေးတော်မမူချေ။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မသိနားမလည်သောကိစ္စများကို လီဆယ် ပြောဆိုကြသလော။ |
Hashim Tin Myint ထို့ပြင် (ကာဖိရ်ငြင်းပယ်)သူတို့သည် စက်ဆုပ်ဖွယ်ရာ ကိစ္စတစ်ခုခုကို ပြုလုပ်ကြသောအခါ “ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့အား ဤသို့ပင် (ပြုလုပ်နေသည်ကို) တွေ့ရှိခဲ့ကြပါသည်၊ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည်လည်း ကျွန်ုပ်တို့အား ဤအတိုင်းပင် အမိန့်ပေးတော်မူခဲ့သည်ဟု ပြောဆိုကြသည်။ (အို- တမန်တော်)အသင်ပြောလိုက်ပါ- အလ္လာဟ်အရှင်မြတ်သည် စက်ဆုပ်ဖွယ်ရာကိစ္စများကို (ပြုလုပ်ရန်)လုံးဝ အမိန့်ပေးတော်မမူပေ။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပေါ်တွင် အသင်တို့ မသိနားမလည်သောကိစ္စများကို လုပ်ကြံပြောဆိုကြသလော။ |