Quran with Burmese translation - Surah Al-A‘raf ayat 94 - الأعرَاف - Page - Juz 9
﴿وَمَآ أَرۡسَلۡنَا فِي قَرۡيَةٖ مِّن نَّبِيٍّ إِلَّآ أَخَذۡنَآ أَهۡلَهَا بِٱلۡبَأۡسَآءِ وَٱلضَّرَّآءِ لَعَلَّهُمۡ يَضَّرَّعُونَ ﴾
[الأعرَاف: 94]
﴿وما أرسلنا في قرية من نبي إلا أخذنا أهلها بالبأساء والضراء لعلهم﴾ [الأعرَاف: 94]
Ba Sein ၉၄။ ငါအသျှင်မြတ်သည် မည်သည့်အရပ်ကိုမဆို တမန်တော် စေလွှတ်တော်မမူမှ စေလွှတ်တော်မူလျှင် ထိုအရပ်သူ၊ အရပ်သားတို့သည် မာန်စွယ်ကြိုးပဲ့ နှိမ့်ချကောင်း နှိမ့်ချစေရန် သူတို့အား ငါသည် ဘေးအန္တရာယ် ဆင်းရဲဒုက္ခပေးတော်မူ၏။ |
Ghazi Mohammad Hashim အမှန်သော်ကား၊ ငါအရှင်မြတ်သည် မည်သည့်မြို့ရွာသို့မဆို နဗီတမန်တော် တစ်ပါးပါးကို စေလွှတ်တော်မူခဲ့ပါလျှင် ထိုမြို့သူရွာသားတို့အား မာန်မာနကျိုး၍ အောက်ကျို့လာကြရန် ဆင်းရဲဒုက္ခဖြင့်လည်းကောင်း၊ ရောဂါဝေဒနာဖြင့်လည်းကောင်း၊ နှိပ်ကွက်တော်မူခဲ့လေသတည်း။ |
Hashim Tin Myint ထို့ပြင် ငါအရှင်မြတ်သည် မည်သည့်မြို့ရွာကိုမဆို တမန်တော်တစ်ပါးပါးအား စေလွှတ်တော်မူခဲ့လျှင် ထိုမြို့သူရွာသားများအား ကျိုးနွံလာကြရန် ဆင်းရဲဒုက္ခ၊ ရောဂါဝေဒနာများနှင့် ဒဏ်ခတ်တော်မူသည်။ |